နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)၏ "SKY EMPORIUM" Online Duty Free Shopping အစီအစဉ် စတင်မိတ်ဆက်

ရန်ကုန်   ဇွန် ၁၇


အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)၏"SKY EMPORIUM" Online Duty Free Shopping အစီအစဉ်အား စတင်မိတ်ဆက်ကာ ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


MAI လေယာဉ်စီးခရီးသည်များအနေနှင့် မိတ်ဆွေသူငယ်ချင်းများအား လက်ဆောင်ပေးရန်အတွက် ဖြစ်စေ၊ ကိုယ်တိုင်အသုံးပြုရန်အတွက်ဖြစ်စေ  အကောင်းဆုံးပစ္စည်းများကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူကာ မိမိတို့လိုက်ပါစီးနင်းမည့် MAI လေကြောင်းခရီးစဉ်များတွင် အခက်အခဲမရှိ ယူဆောင်သွားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ "SKY EMPORIUM" Online Duty Free Shopping အစီအစဉ်အား ဖော်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။


ဝယ်ယူလိုက်သော ပစ္စည်းများအတွက် ငွေပေးချေရာတွင်လည်း Visa ၊ MasterCard နှင့် MPU စသည့် ကတ်များဖြင့် အလွယ်တကူ ပေးချေနိုင်စေရန်စီစဉ်ပေးထားပြီး ထို SKY EMPORIUMမှ ဝယ်ယူ လိုက်သော ပစ္စည်းများကို Check-in ဝင်ချိန်(သို့မဟုတ်) လေယာဉ်ပေါ်တက်ချိန်တွင် အခက်အခဲမရှိ သယ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှ ဝန်ဆောင်မှုပေးသော"SKY EMPORIUM" Online Duty Free Shopping အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် +959 444882955 နှင့် +951 533200 (Ext - 264) တို့ကို စုံစမ်းမေးမြန်းနိုင်သလို အင်တာနက်ဝက်ဘ်ဆိုက် - https://shop.maiair.com တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။


မိုးယံထက်






အခြားဆက်စပ်သတင်းများ