ဖေဖော်ဝါရီ ၅
ပရီးမီးယားလိဂ် ပွဲစဉ်၂၂ ၏ ပွဲစဉ်တစ်ပွဲအဖြစ် အဲဗာတန် အသင်းနှင့် အာဆင်နယ်အသင်း တို့ ယမန်နေ့ ညပိုင်းက ဂွတ်ဒီ ဆင်ပတ်ခ်၌ ယှဉ်ပြိုင်ကစားရာ အဲဗာတန်အသင်းက အာဆင် နယ် အသင်းကို တစ်ဂိုး၊ ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့သည်။
အဲဗာတန်အသင်းသည်နည်း ပြသစ်ရှောင်ဒိုက် ပထမဆုံး တာဝန် ယူကိုင်တွယ်သည့်ပွဲစဉ် ၌ အကောင်းဆုံးခြေစွမ်းပြ ကစား နိုင်ခဲ့ကာ ကစားသမားများ၏ တစ်ဦးချင်း စွမ်းဆောင်ရည်နှင့် အသင်းလိုက် ကစားပုံမှာလည်း ကောင်းမွန်ခဲ့ပြီး ပွဲကစားချိန် ၆၀ မိနစ်တွင် တာကောစကီး၏ ခေါင်းတိုက်သွင်းဂိုးဖြင့် သုံးမှတ် ရယူနိုင်ခဲ့သည်။
အာဆင်နယ်အသင်းဂိုးကန် သွင်းခွင့်များ ဖန်တီးနိုင်ခဲ့သော် လည်း တိုက်စစ်ပိုင်း အဆုံးသတ် အားနည်းချက် ရှိနေသကဲ့သို့ ကွင်းလယ်ပိုင်းမှာလည်း အမှား များနေခဲ့ပြီး အဲဗာတန်အသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့ရ ကာ အဝေးကွင်းတွင် ရှုံးပွဲကြုံ တွေ့ခဲ့ရသည်။
အာဆင်နယ်အသင်းသည် ယခုနှစ် ဘောလုံးရာသီ ဒုတိယ မြောက် ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းဖြစ် ပြီး ပရီးမီးယားလိဂ် ၁၃ ပွဲ ဆက် ရှုံးပွဲမရှိစံချိန်လည်း ရပ်တန့်ခဲ့ရ သည်။
ထို့ပြင် အာဆင်နယ်အသင်း သည် ရမှတ် ၅၀ ဖြင့် ပရီးမီးယား လိဂ် အမှတ်ပေးဇယားကို ဆက် လက် ဦးဆောင်ထားသော်လည်း ဒုတိယနေရာမှ မန်စီးတီးအသင်း နှင့် ငါးမှတ်သာကွာဟတော့သည်။
အခြား ပရီးမီးယားလိဂ်ပွဲ စဉ်များတွင် လက်စတာကအက် စတွန်ဗီလာကို လေးဂိုး၊နှစ်ဂိုး၊ ဘရန့်ဖို့ဒ်က ဆောက်သမ်တန် ကို သုံးဂိုး၊ ဂိုးမရှိ၊ ဘရိုက်တန်က ဘုန်းမောက်ကို တစ်ဂိုး၊ ဂိုးမရှိနှင့် ဝုဗ်လ်က လီဗာပူးကို သုံးဂိုး၊ ဂိုးမရှိ ဖြင့် အသီးသီးအနိုင်ရရှိခဲ့ကြပြီး နယူးကာဆယ်နှင့် ဝက်စ်ဟမ်း အသင်းတို့ ပွဲစဉ်တွင်တစ်ဖက် တစ်ဂိုးစီဖြင့် သရေ ရလဒ်ထွက် ပေါ်ခဲ့ကြောင်း သိရသည်။
သူရိန်