နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ Grade-4 သင်ရိုးသစ်(ဆင့်ပွား)သင်တန်းတက်ရောက်နေသည့် ဆရာ၊ ဆရာမများအား COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဟောပြောခြင်းနှင့် အကာအကွယ် Mask များလှူဒါန်းပေးအပ်

ဆိပ်ကြီးခနောင်တို   ဇွန်   ၁၇


ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာ မူလတန်း အဆင့် Grade -4  သင်ရိုးသစ်(ဆင့်ပွား)သင်တန်းတက်ရောက်နေသည့် ဆရာ၊ ဆရာမများအား COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအသိပညာပေးဟောပြောခြင်းနှင့် အကာအကွယ် Mask များလှူဒါန်း ပေးခြင်းကို ဇွန် ၁၆ ရက် မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း(အထက-ခနောင်တို) အောင်ဆန်းခန်းမတွင် ပြုလုပ်ခဲ့သည်။ 


ဟောပြောရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သီတာတင်ဝင်း က သင်တန်းတက်ရောက်နေသည့် ဆရာ၊ ဆရာမများအား COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် လက်မကြာခဏဆေးကြောရန်၊ သင်ခန်းစာလေ့လာသင်ကြားရာတွင် တစ်ဦးနှင့်တစ်ဦးခြောက်ပေစီခြား၍ အကာအကွယ် Mask များစနစ်တကျတပ်ဆင်သင်ကြားရန်နှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း ကိုယ်ပူဖျားနာခြင်းဖြစ်ပေါ်ပါက သက်ဆိုင်ရာမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနသို့ လာရောက်ပြသရန်ဆွေးနွေးဟောပြောခဲ့သည်။


ထို့နောက် မြို့နယ်ဆရာဝန်ကြီး  ဒေါက်တာသီတာတင်ဝင်းက သင်တန်းတက်ရောက်နေသည့် ဆရာ၊ ဆရာမများနှင့် သင်တန်းနည်းပြဆရာ၊ ဆရာမများအတွက် အကာအကွယ် Mask အခုရေ ၁၅၀ နှင့် လက်သန့်စင်ဆေးရည် Hand Gel ၁၀ ဘူးတို့ကို ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ဝေယံ(ဆိပ်ကြီးခနောင်တို)






အခြားဆက်စပ်သတင်းများ