နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမားဆု ရက်ရှ်ဖို့ဒ်ရရှိ

ဖေဖော်ဝါရီ ၄

ပရီးမီးယားလိဂ် ဘောလုံး အဖွဲ့ချုပ်က ချီးမြှင့်သည့်ဇန်နဝါရီ အတွက် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု ကို မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ကရရှိခဲ့သည်။

တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်သည် ဇန်နဝါရီအတွင်းက ယှဉ်ပြိုင် ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် လေးပွဲတွင် သုံးဂိုးထိသွင်း ယူနိုင်ခဲ့ပြီး နယူးကာဆယ်အသင်း မှဘန်း၊ နော်တင်ဟမ် အသင်း မှ ဂျွန်ဆင်၊ မန်စီးတီး အသင်းမှ မာရက်ဇ်၊ ဘရိုက်တန်အသင်းမှ မတ်၊ ဘရန့်ဖို့ဒ်အသင်းမှ ရာယာနှင့် အာဆင်နယ်အသင်းမှ ဆာကာတို့ကို ကျော်ဖြတ်ပြီး ဇန်နဝါရီအတွက် အကောင်း ဆုံးကစားသမားဆုကို ဆွတ်ခူး နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဇန်နဝါရီအတွက် အကောင်းဆုံးနည်းပြဆုကို အာဆင်နယ်အသင်း နည်းပြ အာတီတာကရရှိခဲ့ပြီးအကောင်း ဆုံး သွင်းဂိုးဆုကို မန်ယူဘက် သို့ သွင်းယူခဲ့သည့် ခရစ္စတယ် ပဲလေ့စ် ကွင်းလယ်ကစားသမား အိုလစ်၏ ဖရီးကစ် သွင်းဂိုးက ရရှိခဲ့သည်။

အကောင်းဆုံး ဂိုးကာကွယ် မှုဆုကို ဇန်နဝါရီ ၂၁ ရက်တွင် ခရစ္စတယ်ပဲလေ့နှင့် ပွဲစဉ်မှ နယူးကာဆယ် ဂိုးသမား နစ်ပုပ် ၏ ဂိုးကာကွယ်မှုကရရှိခဲ့ခြင်း ဖြစ်သည်။

သူရိန်






အခြားဆက်စပ်သတင်းများ