နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြောင်းရွှေ့ကြေးအများဆုံး အသုံးပြုထားသည့် လိဂ်အဖြစ် ပရီးမီးယားလိဂ် မှတ်တမ်းဝင်

ဖေဖော်ဝါရီ ၄

ယခုနှစ် ဇန်နဝါရီအပြောင်း အရွှေ့ကာလ ဥရောပထိပ်သီး လိဂ် ငါးခုတွင် ပြောင်းရွှေ့ကြေး အများဆုံး အသုံးပြုခဲ့သည့် လိဂ် အဖြစ် ပရီးမီးယားလိဂ် မှတ်တမ်း ဝင်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်သည် ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ကစား သမားသစ်ခေါ်ယူမှုများ တွင် စတာလင် ပေါင် ၈၁၅ သန်း ထိ အသုံးပြုခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ကလပ် အသင်းများသည် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီကလည်းကစား သမား ခေါ်ယူမှုများတွင် ပြောင်း ရွှေ့ကြေး စတာလင်ပေါင် ၁ ဒသမ ၉ ဘီလီယံထိအများဆုံးအသုံး ပြုခဲ့သည့် မှတ်တမ်းရှိခဲ့သော် လည်း ယခု အပြောင်းအရွှေ့ ကာလတွင် စတာလင်ပေါင် ၈၁၅ သန်းထိ ထပ်မံသုံးစွဲခဲ့သဖြင့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ကစားသမားသစ် ခေါ်ယူမှုအတွက် စတာလင်ပေါင် ၂ ဒသမ၈ ဘီလီယံ ထိ သုံးစွဲခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ချဲလ်ဆီးအသင်းသည် ယခု အပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၂၉၂ ဒသမ ၇၄သန်းထိ အသုံး ပြုခဲ့ပြီးပရီးမီးယား လိဂ် ကလပ် အသင်းအားလုံးပေါင်း၏ ၃၇ ရာခိုင်နှုန်းထိရှိခဲ့သောကြောင့် ဘွန်ဒက်စ်လီဂါ၊ လာလီဂါ၊ စီးရီးအေ၊ ပြင်သစ် လီဂူးပြိုင်ပွဲတို့ထက် ကစားသမားခေါ်ယူမှုတွင် ငွေ ကြေးအများဆုံး သုံးစွဲခဲ့သည့် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ သည်။                    

          သူရိန်






အခြားဆက်စပ်သတင်းများ