ရန်ကုန် ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်တွင် မိုးရာသီကာလအတွင်း ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ လမ်းများရေကျော်မှုများမဖြစ်စေရေး၊ ရေနုတ်မြောင်းများရေစီးရေလာကောင်း မွန်စေရေး၊ ခြင်ကြောင့်ဖြစ်ပွားတတ်သောသွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး၊ MPT နှင့် ရှုပ်ထွေးနေ သောကြိုးများရှင်းလင်းခြင်း၊ မြေအောက်လိုင်းများဆောင်ရွက်ရန် မြေပြင်အခြေအနေ၊ နေရာများ ရွေးချယ် ခြင်း၊ စည်ပင်ရေပိုက်များ၊ မြေအောက်မြောင်းများနှင့်လွတ်ကင်းစေရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဇွန် ၁၇ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ် ၂၂ ရပ်ကွက်ရှိ ပိတ်ဆို့ ရေမြောင်းများအား စက်ယန္တရားများ၊ လူအင်အားများဖြင့် ဆယ်ယူရှင်းလင်းဆောင်ရွက်ခြင်းများကို စစ်ဆေးဆောင်ရွက်ခဲ့ကြစဉ်။
အောင်မြင့်(ပြန်/ဆက်)