နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချေမှုန်းရေးရိုင်ဖယ်များနှင့် ဒုံးကျည်များ ပြင်သစ် သိမ်းဆည်းရမိ

ပဲရစ်၊ဖေဖော်ဝါရီ ၃

ယီမင်နိုင်ငံမှ ဟူသီသူပုန်များထံ ဦး တည်သယ်ဆောင်လာသည့်အီရန်၏ ချေမှုန်းရေးရိုင်ဖယ်များ၊ စက်သေနတ် များနှင့် တင့်ကား ဖျက်ဒုံးကျည်ထောင် ပေါင်းများစွာကို အိုမန်ပင်လယ်ကွေ့ တွင် ပြင်သစ်ရေတပ် တပ်ဖွဲ့များက သိမ်းဆည်းရမိထားကြောင်း တာဝန် ရှိသူများက ဖေဖော်ဝါရီ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။ 

သိမ်းဆည်းရမိမှုကို အီရန်က ချက် ချင်းအတည်မပြုသော်လည်း ယင်း လက်နက်များသည် အမေရိကန်စစ်တပ် ဗဟိုကွပ်ကဲမှုဌာနက ထုတ်ပြန်ထား သော အီရန်ထုတ် အခြားလက်နက်များ နှင့် ဆင်တူနေကြောင်း သိရသည်။

ယင်းလက်နက်များကို ဟော်မုဇ်ရေ လက်ကြား၊ ပါရှန်ပင်လယ်ကွေ့၊ အာရေဗျပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာ တို့အထိ နယ်ပယ် ကျယ်ဝန်း သည့် အိုမန်ပင်လယ်ကွေ့တွင်ဖမ်းဆီးရ မိခြင်း ဖြစ်ကာ အီရန်မှ ယီမင်သို့တရားမဝင် လက်နက်များ သွားလာရန်သမိုင်းဝင် လမ်းကြောင်းများ တစ်လျှောက်တွင် တားမြစ်ပိတ် ပင်ခဲ့ခြင်း ဖြစ်ကြောင်းသိရ သည်။

ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်တွင် အီရန်ကျောထောက်နောက်ခံပြု ဟူသီ သူပုန်များထံ လက်နက်များပေးပို့ ပြောင်းခြင်းကို တားမြစ်ထားသည်။

 (ref: AFP)






အခြားဆက်စပ်သတင်းများ