နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟိမဝန္တာတောင် နှင်းပြိုကျမှု နှင်းလျှောစီးသမား ၂ ဦးသေဆုံး

ကက်ရှ်မီးယား၊ ဖေဖော်ဝါရီ ၃

အိန္ဒိယထိန်းချုပ် ကက်ရှ်မီးယား ဒေသရှိ ဟိမ၀န္တာတောင်အပန်းဖြေ နှင်းလျှောစီးစခန်းတွင် နှင်းပြိုကျမှု ကြောင့် ပိုလန် နှင်းလျှောစီးသမားနှစ်ဦး သေဆုံးသွားကြောင်း ကက်ရှ်မီးယား ဒေသ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ဖေဖော်ဝါရီ  ၂ ရက်တွင် ပြောသည်။

နိုင်ငံခြားသား ၂၁ ယောက်နှင့် ကက်ရှ်မီးယားဒေသခံ လမ်းပြ နှစ်ယောက် တို့သည် ဂူလ်မာခရီးသွားမြို့အနီးရှိ တောင်တန်းများတွင် နှင်းလျှောစီးနေ စဉ် နှင်းပြိုကျမှုနှင့် ကြုံတွေ့ခြင်းဖြစ် ပြီး ကြီးမားသည့်နှင်းထုထဲတွင် ပိတ်မိ သွား ခြင်း ဖြစ်ကာ ယင်းတို့ အနက် ၂၁ဦး ကိုသာ ကယ်ဆယ်လိုက်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

အဆိုပါ တောင်တန်းများသည် နိုင်ငံခြားသား ခရီးသွားများကြားတွင် ရေပန်းစားသည့် နှင်းလျှောစီး စခန်းဖြစ် ကာ ၂၀၁၀ ခုနှစ် ကလည်း ဂူလ်မန်မြို့ အိန္ဒိယ စစ်သင်တန်းကျောင်းတွင်နှင်းပြို ကျမှုဖြစ်ပွားပြီး အနည်းဆုံး အိန္ဒိယ စစ်သား ၁၇ ဦး သေဆုံးခဲ့ ဖူးကြောင်း သိရသည်။

(ref: CNA)






အခြားဆက်စပ်သတင်းများ