နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၅ ဒေါ်လာတန် ငွေစက္ကူသစ် အဲလစ်ဇဘက်ဘုရင်မကြီး ရုပ်ပုံသာ ထားရှိမည်

ကမ်ဘာရာ၊ဖေဖော်ဝါရီ ၃

ဩစတြေးလျတွင် အသစ်ထုတ်လုပ်မည့် ၅ ဒေါ်လာတန် ငွေစက္ကူ၌ဒုတိယ အဲလစ်ဇဘက်ဘုရင်မ၏ ရုပ်ပုံကိုသာ ဒီဇိုင်းအသစ်ဖြင့် အစားထိုးသွားမည် ဖြစ်ကြောင်း နိုင်ငံ၏ ဗဟိုဘဏ်က ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာသည်။

အဆိုပါ ဆုံးဖြတ်ချက်ကို ဖက်ဒရယ်အစိုးရနှင့် ဆွေးနွေးတိုင်ပင်ကာ ချမှတ်လိုက်ခြင်းဖြစ်ပြီး ငွေစက္ကူ၏အခြားတစ်ဖက်တွင်မူ သြစတြေးလျပါလီ မန်ပုံကို ဆက်လက်ထည့်သွင်းမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ 

၂၀၂၂ ခုနှစ်တွင် အဲလစ်ဇဘက် ဘုရင်မကြီး ကွယ်လွန်သွားပြီးနောက် ၅ ဒေါ်လာတန်ငွေစက္ကူသစ်တွင် တတိယမြောက် ချားလ်စ်ဘုရင်၏ ရုပ်ပုံကို ထည့် သွင်းမည်ဟု ယူဆသော်လည်း ထိုသို့လုပ်ဆောင်မည်မဟုတ်ကြောင်း ဗဟိုဘဏ်က ဆိုသည်။

ဗဟိုဘဏ်အာဏာပိုင်များ၏ ပြောဆိုချက်အရ ငွေစက္ကူသစ်တွင် အဲလစ်ဇဘက် ဘုရင်မ၏ ရုပ်ပုံကို ထည့်သွင်းခြင်းသည် ဧကရာဇ်ဆိုသည့် ဂုဏ်ပုဒ်ကြောင့် မဟုတ်ဘဲ သူမ၏ ပင်ကိုယ် အရည်အသွေးကြောင့် ဖြစ်သည်ဟု ဆိုသည်။

 (ref:Reuters)






အခြားဆက်စပ်သတင်းများ