ဖေဖော်ဝါရီ ၃
စပါးအသင်းနည်းပြကွန်တီ သည် သည်းခြေအိတ်ရောဂါ ခွဲစိတ်ကုသမှုကြောင့် တစ်လခန့် ထိ အနားယူရမည်ဖြစ် ကြောင်း သိရသည်။
ကွန်တီသည် ဗိုက်အောင့် ဝေဒနာကြောင့် ဆေးရုံတက် ရောက် ကုသမှုခံယူပြီးစစ်ဆေး မှုများပြုလုပ်ခဲ့ရာသည်းခြေ အိတ်ရောဂါ ဖြစ်ပွားခဲ့ သော ကြောင့်အကြီးစား ခွဲစိတ်ကုသ မှုခံယူခဲ့ရ သည့်အတွက် အနည်း ဆုံး တစ်လခန့် အနားယူရ မည် ဖြစ်သည်။
“ကွန်တီအနေနဲ့ သည်းခြေ အိတ် ခွဲစိတ်ကုသမှုခံယူခဲ့ရလို့ အနည်းဆုံး တစ်လလောက် အနား ယူရမှာပါ။ သူ့အနေ နဲ့ အမြန်ဆုံးပြန်ကောင်းမွန်လာဖို့ အတွက် ဆုတောင်းပေးနေမှာ ပါ။ ကွန်တီအတွက်ဆုတောင်း ပေးကြတဲ့ ပရိသတ်တစ်ဦးချင်း ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်”ဟု စပါးအသင်းက ထုတ်ပြန်ခဲ့သည်။
နည်းပြ ကွန်တီ အနားယူ နေသည့်ကာလတွင် စပါး အသင်း ကို ယာယီနည်းပြ စတယ်လီနီက တာဝန်ယူကိုင်တွယ် သွားမည် ဖြစ်သည်။
သူရိန်