နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခန္ဓာကိုယ်ရှိ အဆီပိုများကို လောင်ကျွမ်းစေနိုင်မည့် အစားအစာများ

ဇွန် ၁၇


ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော အဆီပိုများကို လောင်ကျွမ်းစေနိုင်မည့် အကောင်းဆုံး အစားအစာများကို ဖော်ပြပေးလိုက်ပါသည်-

(၁) ငါးအဆီ

ငါးတွင် အိုမီဂါ-၃ ဖက်တီးအက်ဆစ်များ ပါဝင်ခြင်းကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးရှိသည်။ ထို့အပြင် ငါးမှာ အဆီနည်းပရိုတင်းဓာတ်ပါဝင်မှုများခြင်းကြောင့် အဆီများကို လောင်ကျွမ်းစေပြီး ကြွက်သားများကို တည်ဆောက်ပေးနိုင်သည်။


(၂) ကြက်ဥ၊ ဘဲဥ

ကြက်ဥ၊ ဘဲဥများမှာ အဆီလောင်ကျွမ်းစေသည့် အစာဖြစ်သည်။ ကြက်ဥ၊ ဘဲဥမှာ ပရိုတင်းဓာတ်ပါဝင်မှု မြင့်မားပြီး အဆီပိုများကို လျော့ကျစေသည်။


(၃) ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းသည် ဗီတာမင်စီပါဝင်မှုများသည့် အစားအစာဖြစ်သည်။ ပန်းဂေါ်ဖီစိမ်းတစ်ခွက်တွင် ဗီတာမင်စီ တစ်နေ့တာလိုအပ်သည့် ပမာဏထက် ၁၅၀ ရာခိုင်နှုန်းခန့်ပါဝင်ခြင်းကြောင့်အဆီချေဖျက်မှုအားကောင်း သည်။


(၄) အခွံမာ အစေ့အဆန်

အခွံမာ အစေ့အဆန်များမှာ အဆီကိုလောင်ကျွမ်းစေသည့် အစားအစာဖြစ်သည်။ ဖက်တီးအက်ဆစ်နှင့် ဆီတွင် ပျော်ဝင်သည့် ဗီတာမင်တို့ ပါဝင်မှုများသည့်အပြင် အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ်တို့လည်း ပါဝင်နေသည်။


(၅) ပဲအမျိုးမျိုး

ပဲတွင် အဆီဓာတ်ပါဝင်မှုနည်းပါးပြီး အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ်တို့ ပါဝင်မှုမြင့်မားသည်။ ထို့ကြောင့် အသား မစားသည့်အခါတွင် အစားထိုး စားပေးသင့်သည်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားခြင်းကြောင့် အဆီများကို ချေဖျက်ပေးကာ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေသည်။                                         


(သူရိန်)






အခြားဆက်စပ်သတင်းများ