ဖေဖော်ဝါရီ ၂
ဗလင်စီယာအသင်းသည် လာလီဂါအမှတ်ပေးပြိုင်ပွဲတွင် ရလဒ်ဆိုးများဖြင့် ရုန်းကန် နေရသည့် နည်းပြ ဂတ်တူဆိုနှင့် နှစ်ဖက်သဘောတူ စာချုပ် ဖျက်သိမ်းပြီး လမ်းခွဲခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
နည်းပြ ဂတ်တူဆိုသည် ဗလင်စီယာအသင်းနှင့်လာမည့် ၂၀၂၄ ခုနှစ်ထိ စာချုပ် ချုပ်ဆို ထားသော်လည်း အသင်းကို ရလဒ်ကောင်းအောင်စွမ်းဆောင် နိုင်ခြင်းမရှိသဖြင့် ဗယ်လာ ဒိုးလစ်အသင်းနှင့် ပွဲစဉ်အပြီး တွင် အသင်းရလဒ်ပိုင်းနှင့် ပတ်သက်၍ မိမိတွင်သာ တာဝန် ရှိကြောင်း ပြောကြားခဲ့ပြီး နှစ် ဖက်သဘောတူ စာချုပ်ဖျက်သိမ်း ခဲ့ခြင်း ဖြစ်သည်။
“နည်းပြ ဂတ်တူဆိုနဲ့ နှစ်ဖက် သဘောတူ လမ်းခွဲလိုက်တာ ဖြစ်ပါတယ်။ သူဟာ အသင်းကို အောင်မြင်မှုရရှိအောင် ရည်မှန်း ချက်ထား ကြိုးစားခဲ့ပေမယ့် အသင်းအနေနဲ့ ရလဒ်ပိုင်းတိုး တက် မှုမရှိခဲ့ပါဘူး။ ဒါကြောင့် ဂတ်တူဆိုနဲ့အသင်းတာဝန် ရှိသူတွေကြားဆွေးနွေးမှု ပြုလုပ် ခဲ့ပြီး စာချုပ်ဖျက် သိမ်း လိုက် တာ ဖြစ်ပါတယ်”ဟု ဗလင်စီ ယာ အသင်း ဥက္ကဋ္ဌကပြောသည်။
ဗလင်စီယာအသင်းသည် နည်းပြ ဂတ်တူဆိုအား ပြီးခဲ့ သည့် နွေရာသီကစားသမားအပြောင်း အရွှေ့ကာလက ခန့်အပ်ခဲ့ပြီး နောက် အသင်းအနေဖြင့်အမှတ် ပေး ပြိုင်ပွဲ ၁၈ပွဲကစားခဲ့ ရာ တွင် ငါးပွဲနိုင်၊ ငါးပွဲသရေ၊ ရှစ်ပွဲရှုံး ရလဒ် ဖြင့် အမှတ်ပေးဇယား အဆင့် ၁၄ တွင် ရပ်တည်နေကာ တန်းဆင်းဇုန်မှ ကာဒစ်ဇ်အသင်း နှင့် ရမှတ် တစ်မှတ်သာ ကွာဟ လျက်ရှိသည်။
သူရိန်