နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူကွင်းလယ်ကစားသမား အဲရစ်ဆင် မေလအထိ အနားယူရမည်

ဖေဖော်ဝါရီ ၂

မန်ယူအသင်း၏ အဓိက ကွင်းလယ်ကစားသမား အဲရစ်ဆင် သည် ခြေချင်းဝတ်ဒဏ်ရာ ပြင်းထန်သည့်အတွက် မေလ အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။

အဲရစ်ဆင်သည် ပြီးခဲ့သည့် အက်ဖ်အေဖလားပွဲစဉ်အဖြစ် ကစားခဲ့သည့် ရီဒင်းအသင်းနှင့် ပွဲချိန် ၅၇ မိနစ်တွင် ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့သည့်အတွက် အသင်းဖော် ဖရက်ဒ်နှင့် လူစား လဲထွက်ခွာခဲ့ရပြီး ပွဲစဉ်အပြီး တွင် ချိုင်းထောက်ဖြင့် ကွင်း အတွင်းမှ ထွက်ခွာခဲ့ရသည်။

"ကျွန်တော်တို့ စိတ်မ ကောင်းစွာနဲ့ပဲ အဲရစ်ဆင်ကို ကာလရှည်လက်လွှတ်ရဖို့ရှိနေ ပါတယ်။ သူ့ရဲ့ခြေချင်းဝတ် ဒဏ် ရာက ပြင်းထန်ခဲ့တာကြောင့် မေလလောက်ထိ အနားယူရလိမ့် မယ်လို့ အသင်းဆေးအဖွဲ့က အကြောင်းကြားလာပါတယ်။ ပွဲ ကျပ်ကာလမှာ အဓိက ကစား သမားတစ်ဦး လက်လွှတ်ခဲ့ရ တာ အသင်းအတွက် အများကြီး နစ်နာရပါတယ်"ဟု မန်ယူ အသင်းနည်းပြ တန်ဟက်က ပြောသည်။

အသင် ၃၀ နှစ်အရွယ်ရှိ အဲရစ်ဆင်သည် ပြီးခဲ့သည့် နွေရာ သီကစားသမား အပြောင်းအရွှေ့ ကာလက ဘရန့်ဖို့ဒ်အသင်းမှ မန်ယူအသင်းသို့ အလွတ်ပြောင်း ရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကစား ခဲ့သူဖြစ်ပြီး နည်းပြတန်ဟက် လက်အောက်တွင် အဓိက ကွင်း လယ်ကစားသမားအဖြစ် ပါဝင် ခွင့်ရရှိနေသူဖြစ်သည်။     

သူရိန်






အခြားဆက်စပ်သတင်းများ