နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌အောင်မြင်မှုရရန်ကြိုးပမ်း

၂၀၂၂-၂၀၂၃ ပညာသင်နှစ်သည် မကြာမီကုန်ဆုံးတောမည်  တစ်နှစ်ဟူသောအတန်းတင်စာမေးပွဲကြီးသည်လည်း တဖြည်းဖြည်း နီးကပ်လာပြီ။ စာမေးပွဲဟူသည် ကျောင်းသား၊ ကျောင်းသူများ၏ မှတ်ကျောက်တင်ပွဲကြီးပင်ဖြစ်၏။ သင်ကြားထားသည့် သင်ခန်း စာများကျေကျေညက်ညက်တတ်မြောက်ကြသော ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ထူးဖြင့်အောင်ကြသည်။ အတန်းတင်စာမေးပွဲ များတွင် ဂုဏ်ထူးများဖြင့် အောင်မြင်ခြင်းသည် အနာဂတ်ဘဝ အတွက် အာမခံချက်များဖြစ်လာနိုင်သည်။

ယနေ့ခေတ်တွင် ဂုဏ်ထူးထွက်အောင်ကြိုးစားနိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများ တိုးပွားလာကြသည်။ ပညာတတ် မြောက် ခြင်းသည် ချမ်းသာကြီးပွားနိုင်သည့် လမ်းကြောင်းဖြစ်သည်ဟု သိမြင်လာကြသည်။ မိဘများက သားသမီးများအောင်မြင်ရန် ပညာရေးကို အထူးအားပေးနေကြသည်။

အတန်းတင်စာမေးပွဲနီးကပ်လာချိန်တွင် ဘဝကိုရည်မှန်းချက် ကြီးကြီးထားပြီး ကြိုးစားနေသည့် ကျောင်းသား၊ ကျောင်းသူများ ရှိသကဲ့သို့ သာမန်တစ်နှစ်တစ်တန်းအောင်ပြီးရောဆိုသူများလည်း ရှိကြသည်။ အချို့မှာ ရည်မှန်းချက်ပျောက်ပြီး လမ်းမှားရောက်နေ ကြသူများပင်ရှိကြသည်။

 ကျောင်းသား၊ ကျောင်းသူတိုင်းသည် ရည်မှန်းချက် ပန်းတိုင်ကို ပန်းဝင်အောင်ကြိုးစားသင့်သည်။ မိဘတိုင်းသည် မိမိတို့၏ သားသမီးများအား ပညာတတ်၊ အကျော်အမော်များဖြစ်စေလိုကြ သည်။ အချို့မှာ စီးပွားရေးအဆင်ပြေသကဲ့သို့  အချို့မှာအဆင် မပြေကြ။ သို့သော် မိမိတို့သားသမီးများအား ထူးချွန်စွာအောင်မြင် လိုသောဆန္ဒမှာ အတူတူပင်ဖြစ်၏။

 ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအဆင့် အဌမတန်း၊ ဒသမတန်းနှင့်ဧကဒသမတန်းအတွက် တိုင်းဒေသကြီး၊ ပြည်နယ် များ၏ ခရိုင်အလိုက် လူရည်ချွန်ရွေးချယ်ခံရသူများစာရင်းကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ဖေဖော်ဝါရီ ၂ ရက်က ကြေညာရာ မိဘများက ဂုဏ်ယူဝမ်းမြောက်ရသကဲ့သို့ ကျောင်းသား၊ ကျောင်းသူများ၏ အားကျလေးစားဖွယ်ပင်ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများသည် မိဘတို့၏ ကျေးဇူးတရား ကို တုံ့ပြန်သောအားဖြင့် အတန်းတင်စာမေးပွဲကြီးတွင် ဂုဏ်ထူးများ ဖြင့် အောင်မြင်အောင်ကြိုးစား အားထုတ်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ