နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့နိုင်ငံများအားလုံး ကပ်ရောဂါ ကြိုတင်ကာကွယ်မှု အားနည်းနေကြောင်း IFRC သတိပေး

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁ 

ကမ္ဘာ့နိုင်ငံအားလုံးသည် ကပ် ရောဂါများနှင့် ပတ်သက်ပြီး  ကြိုတင် ကာကွယ်မှု အားနည်းနေကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) က သတိပေးပြောကြားသည်။

ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ဘေးအန္တရာယ်ဆိုင်ရာအစီရင် ခံစာအရ ကိုဗစ်ကပ်ရောဂါဖြစ်ပွား လာသည်မှာ သုံးနှစ်ရှိ ပြီဖြစ်သော် လည်း နိုင်ငံအများ အပြားသည် ကပ်ရောဂါကို ကာကွယ်ရန် ကြိုတင်ပြင် ဆင်မှုစနစ် ချို့တဲ့နေကြ ဆဲဖြစ်ကြောင်း ဆိုသည်။

အစီရင်ခံစာတွင် အဓိက အချက် အဖြစ်အနာဂတ် ကာလတွင်ကျန်းမာရေး အကျပ်အတည်းများအပြင် ရာသီဥတု ဆိုင်ရာ ကပ်ဘေးများလည်း ပိုမိုမြင့် တက်လာနိုင်ကြောင်းနှင့် ကပ်ရောဂါ များကိုလည်း ရင်ဆိုင်ကြုံတွေ့လာနိုင် ကြောင်း အသိပေးထားသည်။

(ref: AFP)







အခြားဆက်စပ်သတင်းများ