နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ကိုရီးယား လော့ခ်ဒေါင်း ပြန်ဖွင့်

ပြုံယမ်း၊ဖေဖော်ဝါရီ ၁

မြောက်ကိုရီးယားသည်တုပ်ကွေး နှင့်အခြား အသက်ရှူလမ်းကြောင်းဆိုင် ရာရောဂါများ ပျံ့နှံ့မှုကို ဟန့်တားရန် အတွက် ပြုံယမ်းအား ၅ ရက်ကြာ လော့ခ်ဒေါင်းချထားမှုကို ရုတ်သိမ်းလိုက် ကြောင်း ကြေညာသည်။

တုပ်ကွေးနှင့်အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု အရေအတွက် မြင့်တက်လာမှုကြောင့် ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်ကတည်းက မြို့တော်ရှိသံတမန်များကို အပြင် ထွက် ခြင်းမပြုရန် မြောက်ကိုရီးယားက ပြော ကြားပြီး လော့ခ်ဒေါင်း သတ်မှတ်လိုက် ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားအနေဖြင့် လော့ခ် ဒေါင်း ချထားမှုကိုကိုဗစ်ကြောင့် ဟု ပြောကြားခြင်းမရှိဘဲ နိုင်ငံအတွင်း ကိုဗစ်ကို လုံးဝထိန်းချုပ် လိုက်နိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားကာယမန်နှစ် ဧပြီလနှောင်းပိုင်းကစ၍ အဖျားရောဂါ ဖြစ်ပွားမှုကြောင့်  ၇၄ ဦးသာ သေဆုံးခဲ့ သည်ဟု ဆိုသည်။

နိုင်ငံအတွင်း ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးရန်အတွက် ၂၀၂၀ ပြည့်နှစ်တွင် နယ်စပ်များကို ပိတ်လိုက်သော်လည်း စီးပွားရေးအရ ၎င်း၏အရင်းနှီးဆုံးနှင့် သြဇာအရှိဆုံးမဟာမိတ်ဖြစ်သည့်      တရုတ်နိုင်ငံနှင့် ကုန်းလမ်းသယ်ယူပို့ ဆောင်ရေးကိုမူ ပြန်လည်စတင်ထား ကြောင်း သိရသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ