နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ရုရှား နိုင်ငံခြားရေးဝန်ကြီး တက်မည်

နယူးဒေလီ၊ဖေဖော်ဝါရီ ၁

ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေး လာရောဗ့်သည် မတ် ၁ရက် နှင့် ၂ ရက်တွင် အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ၌ ကျင်းပမည့် G20 နိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်ဒရေး ရူဒန်ကိုက ဇန်နဝါရီ ၃၁ ရက်တွင် ပြောသည်။  

၂၀၂၃ ခုနှစ်အတွက် G20 ဥက္ကဌ ရာထူးကို အိန္ဒိယကတာဝန်ယူထားပြီး နှစ်ပတ်လည် G20 ထိပ်သီး အစည်း အဝေးကို စက်တင်ဘာ ၉ ရက်မှ ၁၀ ရက် အထိ နယူးဒေလီမြို့တွင်ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယသည် ၎င်း၏ကြွယ်ဝ သော ယဉ်ကျေးမှု သမိုင်းအမွေ အနှစ် များကို ပြသရန် ယခုနှစ်အတွင်း အုပ်စု လိုက် အစီအစဉ်အနေဖြင့် မတူညီသည့် နေရာ ၅၅ ခုတွင် အစည်းအဝေးပေါင်း ၂၀၀ ကျော်ကို ပြုလုပ်သွားရန်လည်း စီစဉ်ထားသည်။

အိန္ဒိယနှင့် ရုရှား ဆက်ဆံရေးသည် အလွန်ကောင်းမွန်သည့် အခြေအနေ တွင် ရှိနေပြီး စစ်ရေးနှင့် နည်းပညာ ကဏ္ဍများတွင်လည်း ၎င်းတို့၏ ပူး ပေါင်းဆောင်ရွက်မှုသည် ကြီးမား လျက်ရှိသည်။                 

(ref: CNA)






အခြားဆက်စပ်သတင်းများ