နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
F - 16 တိုက်လေယာဉ်များ ယူကရိန်းသို့ ပေးမည်မဟုတ်ဟု ကန်သမ္မတပြောကြား

ဝါရှင်တန်၊ဖေဖော်ဝါရီ ၁

အမေရိကန်အနေဖြင့် ယူကရိန်းသို့ F - 16 တိုက်လေယာဉ်များ ထောက်ပံ့ ပေးမည်မဟုတ်ကြောင်း သမ္မတဂျိုးဘိုင်ဒင်က အတည်ပြု ပြောကြားသည်။

အမေရိကန် နှင့် ဂျာမနီ တို့သည် ပြီးခဲ့သည့်ရက်သတ္တပတ်က ယူကရိန်းသို့ တင့်ကားများပေးပို့ရန် သဘောတူညီခဲ့ပြီး ဂျာမနီက Leopard 2 တင့်ကားများ နှင့် အမေရိကန်က  ၎င်း၏ အဆင့်မြင့်ဆုံးတင့်ကားများဖြစ်သည့် M1 Abrams ကိုပေးမည်ဟု ဆိုသည်။

သို့ရာတွင် ယူကရိန်းဒုတိယနိုင်ငံခြားရေးဝန်ကြီး Andrii Melnyk က တင့်ကားများပေးပို့ခြင်းအပြင် Eurofighters၊ Tornados၊French Rafales နှင့် Swedish Gripen တိုက်လေယာဉ်များလည်း ပံ့ပိုးပေးရန် တောင်း ဆိုထားရာဂျာမနီသာမက အမေရိကန် ကပါ ငြင်းဆိုလိုက်ကြောင်း သိရသည်။

ယူကရိန်းအနေဖြင့် တိုက်လေယာဉ်များ တောင်းဆိုခြင်းသည် ၎င်း၏ လေပိုင်နက်ကို ပြန်လည်ထိန်းချုပ်နိုင်ရန်သာဖြစ်သည်ဟု ဆိုသည်။

ဂျာမန်ဝန်ကြီးချုပ်ကမူ ယူကရိန်းအား တင့်ကားများပေးခြင်းသည် ကတိ တစ်ခုဖြည့်ပေးရုံသာဖြစ်ပြီး နေတိုးစစ်ရေး မဟာမိတ်များအနေဖြင့် ရုရှားစစ်ပွဲတွင် ပတ်သက်ခြင်းမျိုးမဟုတ်ကြောင်း ရှင်းလင်းပြောကြားသည်။

(ref: AFP)






အခြားဆက်စပ်သတင်းများ