နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို အာဆင်နယ် အသင်းခေါ်ယူ

ဖေဖော်ဝါရီ ၁

အာဆင်နယ်အသင်းသည် ချဲလ်ဆီးအသင်း ကွင်းလယ်က စားသမား ဂျော်ဂျင်ဟိုကို ပြောင်း ရွှေ့ကြေး စတာလင်ပေါင် ၁၂ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ် ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ကွင်းလယ်ပိုင်းတွင် ပါတေးနှင့် ချာကာတို့နှစ်ဦးကိုသာ အဓိက ထားအသုံးပြုနေရပြီး ကွင်း လယ်ပိုင်း အင်အားတောင့်တင်း စေရန်အတွက် ချဲလ်ဆီးအသင်း ၏ အဓိက ကွင်းလယ်ကစား သမားဂျော်ဂျင်ဟိုကို ခေါ်ယူ အားဖြည့်ခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ဂျော်ဂျင်ဟိုကို ၁၈ လ စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး တစ်နှစ် သက်တမ်းတိုးခွင့်လည်း ပါဝင် ကြောင်း သိရသည်။

ဂျော်ဂျင်ဟိုအနေဖြင့် အာဆင်နယ်အသင်းတွင် တစ်ပတ် လုပ်ခလစာ စတာလင်ပေါင် ၁၅၀,၀၀၀ ရရှိမည်ဖြစ်ပြီး ကျော နံပါတ် ၂၀ ဝတ်ဆင်ကစားမည် ဖြစ်သည်။

၂၀၂၃ ဇန်နဝါရီ အပြောင်း အရွှေ့ကာလ နောက်ဆုံးရက် တွင် ချဲလ်ဆီးအသင်းက ဘင်ဖီ ကာအသင်းမှ အန်ဇိုဖာနန်ဒက်ဇ် အား စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၁၂၁ သန်းဖြင့် ခေါ်ယူနိုင် ခဲ့ပြီး မန်ယူအသင်းက ဘိုင်ယန် ကွင်းလယ်လူ ဆာဘစ်ဇာအား အငှားဖြင့် ခေါ်ယူနိုင်ခဲ့သည်။

ထို့အပြင် စပါးသင်းသည် စပို့တင်းလစ္စဘွန်းအသင်းမှ ပတ်ဒရိုပေါ်ရိုကို ရာသီကုန်အထိ အငှားဖြင့် ခေါ်ယူခဲ့ကာ အပြီး သတ်ဝယ်ယူခွင့်ရှိသည်။ 

အာ ဆင်နယ်အသင်းက လိုကွန်ဂါအား ခရစ္စတယ်ပဲလေ့စ် အသင်းသို့လည်းကောင်း၊  စီဒရစ်အား ဖူလ်ဟမ် အသင်းသို့ လည်းကောင်း အငှားဖြင့်စေ    လွှတ်ခဲ့သည်။                             

သူရိန်






အခြားဆက်စပ်သတင်းများ