မြို့ပြလမ်းများပေါ်တွင် နံနက်ပိုင်းတွင် သွားသွားလာလာ လှုပ်လှုပ်ရှားရှားဖြင့် စောစောထလမ်းလျှောက်နေသူများ ပေါများ လာသည်။ ကိုယ်လက်လှုပ်ရှားပြုနေကြသူများ၊ ကျန်းမာရေး အတွက် လမ်းလျှောက်နေသည့် လူငယ်၊ လူရွယ်များ၊ လူလတ်ပိုင်း များနှင့် သက်ကြီးရွယ်အိုများကို တွေ့မြင်နေရသည်။
အသက်အရွယ်ရလာချိန်တွင် လမ်းလျှောက်ခြင်းသည် အသက် ရှည်ဆေးတစ်ရပ်ပင်ဖြစ်ပြီး လမ်းလျှောက်ခြင်းသည် ကျန်းမာရေး ကို အထောက်အကူများစွာဖြစ်စေနိုင်သည်ဟု ကျန်းမာရေးသုတေသီ များက ထုတ်ဖော်ပြောကြားလျက်ရှိသည်။
ကျန်းမာပျော်ရွှင်သောဘဝတစ်ခုပိုင်ဆိုင်ရန်အတွက် ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခု (သို့မဟုတ်) လမ်းလျှောက် ခြင်းပြုလုပ်သင့်သည်။ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ရာ တွင် အသက်ကြီးသူ၊ ငယ်သူ၊ အိုသူဟူ၍မရှိဘဲ ပြုလုပ်သူအရွယ် သုံးပါးကို အကျိုးပြုကြောင်း၊ သွေးတိုးရောဂါခံစားနေရသူ အဘိုး၊ အဘွားများကို နှလုံးသွေးကြောဆိုင်ရာ ကိုယ်လက်လေ့ကျင့်ခန်း များပြုလုပ်စေခဲ့ရာ ကျန်းမာအသက်ရှည်လာကြောင်း ကျန်းမာရေး သုတေသီများ၏ထုတ်ဖော်မှုအသစ်တစ်ခုက ဆိုထားသည်။
ကိုယ်လက်လှုပ်ရှားမှုဖြစ်သော လမ်းလျှောက်ခြင်းကို နာရီဝက် ခန့် နေ့စဉ်လမ်းလျှောက်ခြင်းဖြင့် ကြွက်သားများကို သန်မာစေ သည်။ အရိုးအဆစ်တို့ကို အားကောင်းစေသည်။ အဝလွန်ခြင်း သို့မဟုတ် မိမိတို့ရှိသင့်သည်ထက်ပို၍ ကိုယ်အလေးချိန်မြင့်တက် လာခြင်းကို လမ်းလျှောက်ခြင်းဖြင့် လျော့ကျစေနိုင်သည်။
မြို့ပြလူမှုဘဝပတ်ဝန်းကျင်တွင် စိတ်ဖိစီးမှုများပြားလာသည့် အခါ စိတ်ထွက်ပေါက်အဖြစ် လမ်းများများလျှောက်ပေးသင့်သည်။ ယင်းကဲ့သို့ လမ်းလျှောက်ပေးခြင်းဖြင့် စိတ်ဖိစီးမှုပြေပျောက်သွားပြီး တက်ကြွရွှင်လန်းကာ ခွန်အားသစ်များ တိုးပွားလာမည်ဖြစ်သည်။
သို့ဖြစ်ရာ လမ်းလျှောက်ခြင်းသည် လောက၌ အသက်ရှည် အနာမဲ့ကြောင်း နည်းလမ်းကောင်းတစ်ခုပင်ဖြစ်ရာ သက်ရှည် ကျန်းမာစေရန်အတွက် လမ်းလျှောက်ခြင်းအလေ့အထကို ဂရုပြု ဆောင်ရွက်စေချင်ကြောင်း တိုက်တွန်းနှိုးဆော်ရပါသည် ။ ။