နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပသို့ ဆန်တင်ပို့မည် ကုမ္ပဏီ ၁၂၃ ခုထံမှ အရန်ဆန် တန်ချိန် ၃၄၀ဝ၀ ကျော် ဝယ်ယူထား

ရန်ကုန်   ဇွန်  ၁၇


နိုင်ငံတော်၏ အရန်ရိက္ခာအစီအစဉ်အရ ပြည် ပသို့ ဆန်တင်ပို့မည့် ကုမ္ပဏီ  ၁၂၃ ခုထံမှ အရန်ဆန်တန်ချိန်  ၃၄၀ဝ၀  ကျော်ကို ဝယ်ယူ လက်ခံထားပြီးဖြစ်ကြောင်း  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။


ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်မှ ဇွန်လ ၁၁ ရက်အထိ တစ်လခွဲကာလအတွင်း ပြည်ပသို့ ဆန်တင်ပို့မည့် ကုမ္ပဏီများထံမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်း လုပ်ထုံးလုပ်နည်းများနှင့်အညီ သိုလှောင်ရုံ  ၉  ရုံတွင် ဆန်တန်ချိန်  ၃၄၀ဝ၀  ကျော်ကို ဝယ်ယူလက်ခံထားပြီးဖြစ်ကြောင်း သိရသည်။


နိုင်ငံတော်၏ အရန်ရိက္ခာအစီအစဉ်အရ အရန်ဆန်များကို ဝယ်ယူခြင်း၊ စစ်ဆေးခြင်း၊ လက်ခံခြင်း၊ သိုလှောင်ခြင်း လုပ်ငန်းများအား စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ MITS နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍  ပြီးခဲ့သည့် ဧပြီလ ၃၀  ရက်မှ  စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


နိုင်ငံတော်အရန်ဆန် ၁၀ ရာခိုင်နှုန်းကို သတ်မှတ်ချိန်အတွင်း ပြီးပြတ်အောင်ပေးသွင်းခြင်းမရှိပါက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ပိတ်သိမ်းခြင်းခံရမည့်အပြင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ