နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမရပူရမြို့နယ်တွင် လက်ရက်ကန်းအများစု ရပ်ဆိုင်းနေရ

 မန္တလေး   ဇွန်  ၁၇


 မန္တလေးမြို့အနီး  အမရပူရမြို့သည် ရက်ကန်းမြို့တော်အဖြစ် ထင်ရှားလျက်ရှိရာ လက်ရက်ကန်း၊ စက်ရက်ကန်းများ  အများဆုံးတည်ရှိရာမြို့ပင်ဖြစ်သည်။


လက်ရှိကာလအထည်စျေးကွက်အေးကာ စက်ရက်ကန်းလုပ်ငန်းအများစု အလုပ်ဖြစ်မှုနည်းပါးလျက် ရှိပြီး လက်ရက်ကန်းလုပ်ကိုင်သူအများစုမှာ လုပ်ငန်းရပ်ဆိုင်းကာ အခြားလုပ်ငန်းသို့ ပြောင်းရွှေ့လုပ်ကိုင် လာကြောင်း အမရပူရမြို့မှ လက်ရက်ကန်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံမှ  သိရသည်။


လက်ရက်ကန်းအများစုမှာ  ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ကာ ရပ်နားထားပြီး ရက်ကန်းစင်များကို အငှားချထားခြင်းများ၊ ပြန်လည်ရောင်းချခြင်းများပြုလုပ်ကြသည်။ လက်ရက်ကန်းလုပ်ငန်းတွင် ပိုးတောင်ရှည် ရက်လုပ်သည့် လုပ်ငန်းအများစုရပ်ဆိုင်းကြရပြီး အခြားချိတ်ထည်ရက်လုပ်သူများမှာ ကော်မရှင်စားမျှသာ ရရှိကြကြောင်း သိရသည်။


ပိုးထည်တောင်ရှည်ရက်လုပ်ရာတွင် ပိုးချည်(အတိုင်ချည်) တစ်ပိဿာငွေကျပ် ၁၄ဝဝဝဝ ပေးရသည်။  အဖောက်ချည်မှာ ငါးသောင်းကျော်ပေးရသည်။  ပိုးတောင်ရှည်ရက်ကန်းတန်းတစ်တန်းလျှင် တောင်ရှည်ပုဆိုး ကွင်း ၂ဝ ရရှိသည်။ လုပ်အားခအနေဖြင့် တစ်ကွင်းလျှင်ငွေကျပ်ရှစ်ထောင်ပေးရသည်။ တောင်ရှည်ပုဆိုး   တစ်ကွင်းလျှင် ငွေကျပ်တစ်သောင်းငါးထောင်ဖြင့် ရောင်းချရသည်။ ပိုးတောင်ရှည် ရက်ကန်းတန်း တစ်တန်းလျှင် ပိုးချည်အတိုင်နှင့် အဖောက်အတွက် အရင်းအနှီးကျပ်နှစ်သိန်း၊ အလုပ်သမားခငွေကျပ် တစ်သိန်းနှင့် အခြားကုန်ကျစရိတ်များအပါအဝင် ငွေကျပ်သုံးသိန်းကျော်ကုန်ကျပြီး ကုန်ချောပြန်လည် ရောင်းချသည့် ငွေကြေးမှာကျပ်သုံးသိန်းနီးနီးသာရရှိကြောင်း သိရသည်။


အရှုံးပေါ်သည့် အနေအထားရှိသည့်အတွက်  လုပ်ငန်းရပ်ဆိုင်းရခြင်းဖြစ်သည်။ လက်ရှိကာလ အမရပူရမြို့တွင် လက်ရက်ကန်းလုပ်ငန်းအများစုလုပ်ငန်းရပ်နားထားရပြီး အခြားလုပ်ငန်းများ ပြောင်းလဲ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။


ကျော်ဆန်းမြင့်






အခြားဆက်စပ်သတင်းများ