နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အငြိမ်းစားယူခဲ့သည့် ဝန်ထမ်းများအတွက် တစ်လလျှင် ငွေကျပ် သုံးသောင်းဖြင့် အိမ်ငှားပေးမည်

နေပြည်တော်   ဇွန်  ၁၇


၂၀၁၉-၂၀၂၀တွင် အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန်ထမ်းများအတွက် တစ်လလျှင်ငွေကျပ် သုံးသောင်း နှုန်းဖြင့်  နေပြည်တော်တွင် တိုက်ခန်းအိမ်ရာများ ငှားရမ်းပေးမည်ဖြစ်ကြောင်း  ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။


“ငှားရမ်းခ အနေနဲ့ကတော့  ၅ထပ်ဖြစ်တဲ့အတွက် မြေညီထပ်ကို တစ်လလျှင် ငှားရမ်းခသုံးသောင်းနဲ့ တစ်လွှာတစ်လွှာကို  တစ်ထောင်လျော့သွားမှာဖြစ်ပါတယ်။ အပေါ်ဆုံးထပ်မှာဆိုရင်တော့ ၂၆၀ဝ၀ နှုန်းနဲ့  ငှားရမ်းခကို သတ်မှတ်ကောက်ခံသွားမှာဖြစ်ပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်ကပြောသည်။


ထိုသို့ ငှားရမ်းရာတွင် စည်းကမ်းချက်အနေဖြင့် အငြိမ်းစားများ၏  နေရာချထားရေးကော်မတီကို ဖွဲ့စည်းပြီး  သတ်မှတ်ချက် (၈) ချက်ဖြင့် သတ်မှတ်ထားကြောင်း၊ ငှားရမ်းနေထိုင်ရာတွင် နေထိုင်စရာအခက်အခဲရှိသူများသာ ငှားရမ်းမည်ဖြစ်ကြောင်း  သိရသည်။


“ငှားရမ်းခအနေနဲ့ တစ်ကြိမ်ကို ၅ နှစ် သတ်မှတ်ပြီးတော့  ငှားရမ်းခကိုလည်း ၅ နှစ်တစ်ကြိမ်  ပြန်လည်သုံးသပ်ပြီးတော့မှ နေရာကိုစီစဉ်ချထားပေးသွားမှာဖြစ်ပါတယ်” ဟု ဦးမင်းထိန် ကပြောသည်။


အငြိမ်းစားအငှားအိမ်ရာသည် အခန်း ၁၂ ခန်းတွင် ၅ ထပ်ပါဝင်ပြီး အခန်းပေါင်း ၃၀ဝ  ရှိကြောင်း သိရသည်။ ဇွန် ၁၇ ရက် နေ့လယ်ပိုင်းတွင် အခန်းများအား မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် အငြိမ်းစားဝန်ထမ်းအိမ်ရာများ ကို ဘတ်ဂျက်ရှိသလောက်  ထပ်မံဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ