နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်အမျိုးသမီးငယ်များ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်

ကဘူးလ် ဇန်နဝါရီ  ၃၁

အာဖဂန်နစ္စတန်ရှိ အစိုးရနှင့် ပုဂ္ဂလိကတက္ကသိုလ်အားလုံးတွင်ယခု နှစ်အတွက် ကျောင်းသူများအားလုံးကို တာလီဘန်တို့က  တက္ကသိုလ်ဝင်ခွင့်   စာမေးပွဲဖြေဆိုခွင့်တားမြစ်ထားကြောင်း                                         သိရသည်။

အာဖဂန်တွင် အစိုးရပိုင် (သို့မဟုတ်) ပုဂ္ဂလိကကောလိပ်များတွင် ပညာ ဆက်လက်သင်ကြားရန် အထက်တန်း ကျောင်းဆင်းသူထောင်ပေါင်းများစွာ သည် နှစ်စဉ်တက္ကသိုလ်ဝင်ခွင့်စာမေး ပွဲကို ဖြေဆိုကြရသည်။

အာဖဂန်နစ္စတန် အဆင့်မြင့်ပညာ ရေးဝန်ကြီးဌာန၏ နောက်ဆုံးအမိန့်အရ ပညာရေးဆိုင်ရာအဖွဲ့အစည်းများ တွင် အမျိုးသမီးကျောင်းသူများအား ကျောင်းအပ်ခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၈ ရက်ကတည်းကစ၍ ပိတ်ပင်ကြောင်း ကြေညာချက်ထုတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါကြေငြာချက်၌ ပုဂ္ဂလိက အဖွဲ့အစည်းများအနေဖြင့် တာလီဘန် တို့၏ စည်းမျဉ်းများကိုလိုက်နာရမည် ဖြစ်ပြီး အမျိုးသမီးကျောင်းသူများအား ပုဂ္ဂလိကတက္ကသိုလ်များသို့ ဝင်ခွင့်ကန့်သတ် သည့်အမိန့်အားချိုးဖောက်ပါက ပြစ်ဒဏ် ကျခံရမည်ဟုဆိုထားသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ