နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွန်ဆာဗေးတစ်ပါတီဥက္ကဌ ရာထူးက ဖယ်ရှားခံရ

လန်ဒန်  ဇန်နဝါရီ  ၃၁

ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက်ခ် သည် ယင်း၏ နိုင်ငံရေးနောက်ခံ အဖွဲ့အစည်းဖြစ်သည့် ကွန်ဆာဗေးတစ် ပါတီဥက္ကဋ္ဌကို ရာထူးက ဖယ်ရှားလိုက် ကြောင်း ဇန်နဝါရီ  ၃၀ ရက်တွင် ကြေညာ သည်။

ကိုယ်ပိုင်ဝင်ငွေခွန်နှင့် ပတ်သက် ၍  စုံစမ်းစစ်ဆေးခံနေရသည့် ကွန်ဆာဗေးတစ်ခေါင်းဆောင် Zahawi ကို ရာထူးက ထုတ်ပယ် ကြောင်း ကြေညာလိုက်ပြီး Zahawi အနေဖြင့် ဝန်ကြီးတစ်ဦးတွင် ရှိရမည့် ကျင့်ဝတ်များကို ဆိုးရွားစွာ ချိုးဖောက် နေသည်မှာ ထင်ရှားခြင်းကြောင့် ယင်းကို ရာထူးက ထုတ်ပယ်ကြောင်း ဝန်ကြီးချုပ်က ပေးပို့သည့်စာတွင် ဖော်ပြထားသည်။ 

Zahawi သည် ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင်သာမက အစိုးရ အဖွဲ့တွင်လည်း ဝန်ကြီးတစ်ဦးဖြစ်ပြီး ယင်း၏ အခွန်ကိစ္စကို စုံစမ်းစစ်ဆေး ရသည့်အကြံပေးအရာရှိ၏ပြောကြား ချက်အရ Zahawi ၏ ပြုမှုပုံသည် နိုင်ငံရေးခေါင်းဆောင်တစ်ဦး၏ စံပြု အနေအထားနှင့်မကိုက်ညီသလို        ရိုးသားပွင့်လင်းမှုလည်းမရှိကြောင်း        ဆိုသည်။                           

(ref: AP)






အခြားဆက်စပ်သတင်းများ