နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်တွင် နှင်းတောင်ပြိုကျ နှင်းလျှောစီးသူနှစ်ဦး ပျောက်ဆုံး

နာဂါနို  ဇန်နဝါရီ  ၃၁

ဂျပန်နိုင်ငံအလယ်ပိုင်း နာဂါနို စီရင်စုရှိ အမြင့် ၂,၁၀၀ မီတာရှိသော တောင်ကုန်းတစ်ခု၌ နှင်းလျှောစီးနေစဉ် ဆီးနှင်းပြိုကျမှုကြောင့် အမျိုးသား နှစ်ဦးပျောက်ဆုံးနေကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ဇန်နဝါရီ ၃၀ ရက်တွင်ပြော သည်။

ယင်းဖြစ်စဉ်ကိုသိသည်နှင့် တစ်ပြိုင်နက် ကယ်ဆယ်ရေးလုပ်ဆောင်ရန် ကြိုးပမ်း ခဲ့သော်လည်း ရာသီဥတုအခြေအနေနှင့် နှင်းထုပြိုကျမှု အခြေအနေများ မတည် ငြိမ်သဖြင့် ကယ်ဆယ်ရေးလုပ်ဆောင် ရန်အဆင်မပြေဖြစ်နေကြောင်း သိရ သည်။

ပျောက်ဆုံးနေသူ အမျိုးသားနှစ်ဦး အပါအဝင် စုစုပေါင်း ၁၃ ဦး တောင်ပေါ် တက်သွားခြင်းဖြစ်ကာ ကျန် ၁၁ ဦးသည် ဘေးကင်းစွာ   ပြန်ဆင်းလာနိုင်ပြီး ၎င်းတို့အားလုံးသည် နိုင်ငံခြားသားများ ဖြစ်သည်ဟု ဆိုသည်။

ပျောက်ဆုံးနေသူနှစ်ဦးအားရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို ဇန်နဝါရီ ၃၀ ရက်ကတည်းက စတင်လုပ်ဆောင် နေသော်လည်း ၎င်းတို့နှင့်ပတ်သက်သည့် သဲလွန်စကိုပင် မတွေ့ရသေးကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

လက်ရှိတွင် နာဂါနိုဒေသ၌ နှင်းထု ပြိုကျနိုင်မှုအခြေအနေနှင့်ပတ်သက်၍ အရေးပေါ်သတိပေးချက် ထုတ်ပြန်ထား ကြောင်း သိရသည်။  

(Ref : Nikkei Asia)






အခြားဆက်စပ်သတင်းများ