နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီက ယူကရိန်းသို့ တိုက်လေယာဉ်များ စေလွှတ်မည်မဟုတ်

ဘာလင်  ဇန်နဝါရီ  ၃၁

ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးဇ် သည် ယူကရိန်း တောင်းဆိုထားသော တိုက်ခိုက်ရေးလေယာဉ်များအား ပေးပို့ မည်မဟုတ်ကြောင်း ထပ်မံအတည်ပြု ပြောကြားလိုက်သည်။

တိုက်လေယာဉ်ပေးပို့ခြင်းနှင့်ပတ် သက်ပြီး ဆွေးနွေးမည်မဟုတ်ကြောင်း၊ လက်နက်များနှင့်ပတ်သက်ပါက တစ်ဦး နှင့်​တစ်ဦး ပြိုင်ဆိုင်မနေကြရန်ကိုသာ အကြံပြုလိုကြောင်း မစ္စတာရှိုးဇ်ကပြော သည်။

ဝန်ကြီးချုပ် ရှိုးဇ်သည် ပြီးခဲ့သည့် ရက်ပိုင်းကတည်းက စစ်ရေးအခြေအနေ တင်းမာလာမည်ကို ကြိုတင်ကာကွယ် သည့်အနေဖြင့် တိုက်လေယာဉ်များကို ယူကရိန်းသို့ ပေးပို့မည်မဟုတ်ကြောင်း ပြောကြားထားကာ ယခုထပ်မံအတည် ပြုလိုက်​ကြောင်း ကြေညာသည်။

ယူကရိန်းသည် ဂျာမနီနှင့်အမေရိကန် တို့ထံမှ တင့်ကားပေးပို့မည်ဟုကြေညာ ပြီးနောက် ချက်ချင်းဆိုသလို တိုက်လေ ယာဉ်များပါကူညီပေးရန် တောင်းဆို ထားခြင်းဖြစ်သည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ