နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ် ကွင်းလယ်ကစားသမား ပါတေး အဲဗာတန်နှင့်ပွဲတွင် ပြန်လည်ပါဝင်မည်

ဇန်နဝါရီ ၃၁

အာဆင်နယ်အသင်း၏ အဓိက  ကွင်းလယ်ကစားသမား ပါတေးသည် မန်စီးတီးနှင့်ကစားခဲ့သည့် အက်ဖ်အေ  ဖလားပွဲစဉ်တွင်ရရှိခဲ့သည့် ဒဏ်ရာမှာ ပြင်းထန်ခြင်းမရှိသောကြောင့် အဲဗာတန် အသင်းနှင့်ကစားမည့် ပရီးမီးယား လိဂ်ပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်မည် ဖြစ်ကြောင်း နည်းပြအာတီတာက အတည်ပြု ပြောကြားခဲ့သည်။

ပါတေးသည် မန်စီးတီးနှင့်ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယ ပိုင်းပွဲအစတွင် လူစားလဲ ထွက်ခွာခဲ့ရကာ  အစောပိုင်းက ဒဏ်ရာကြောင့် အနား ယူရဖွယ်ရှိနေသော်လည်း အသေးစိတ်  စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် အသေး စားဒဏ်ရာသာ ဖြစ်သောကြောင့် ရက်ပိုင်းသာအနားယူပြီး ပြန်လည် ကစားနိုင်မည်ဖြစ်သည်။

“ပါတေးရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး အသေးစိတ်စစ်ဆေးမှုတွေ ပြုလုပ် ပြီးပါပြီ။ သူ့ဒဏ်ရာက မပြင်းထန်လို့  ရက်ပိုင်းလောက် အနားယူလိုက်ရင် ပြန်ကစားနိုင်တယ်လို့ ဆေးအဖွဲ့က အကြောင်းကြားထားပါတယ်။ အဲဗာတန် အသင်းနဲ့ ပွဲစဉ်အတွက် အသင့်ဖြစ်နေမှာ ပါ”ဟု အာဆင်နယ်အသင်းနည်းပြ အာတီတာက ပြောကြားသည်။

အသက် ၂၉ နှစ်အရွယ်ရှိ ပါတေး သည် ယခုနှစ်ဘောလုံးရာသီတွင် အာဆင်နယ်အသင်း ကွင်းလယ်ပိုင်း၌ အဓိကကစားသမားအဖြစ် ခြေစွမ်း ပြသ နေသူဖြစ်သည်။                           

သူရိန်






အခြားဆက်စပ်သတင်းများ