ဤလောက၌ မိမိအကျိုးဆောင်ရွက်ခြင်းနှင့် အများအကျိုး ဆောင်ရွက်ခြင်းဟူ၍ အကျိုးနှစ်ပါးဖြစ်စေသည့် ဆောင်ရွက်ခြင်း နှစ်မျိုးရှိသည်။ ဤနှစ်မျိုးအနက် အများအကျိုးသယ်ပိုးဆောင်ရွက် ခြင်းသည် ပရဟိတအလုပ်ဖြစ်သည်။ ပရဟိတစိတ်ဓာတ်သည် စိတ်ကောင်းစိတ်မြတ်ဖြစ်သည်။ အများအကျိုးသယ်ပိုးဆောင်ရွက် ခြင်းသည် မွန်မြတ်သောအလုပ်ပင်ဖြစ်သည်။
ပရဟိတစိတ်ဓာတ်သည် လူတိုင်းမွေးမြူထားရှိအပ်သော စိတ်ဖြစ်သည်။ ပရဟိတလုပ်ငန်းများကို လူတစ်ဦးမှအစပြု၍ အသင်းအဖွဲ့များဖြင့်ပါပြုလုပ်လာကြသည်မှာ ကမ္ဘာအနှံ့ပင်ဖြစ် သည်။
မြန်မာတို့၏ ရပ်သူရွာသားဘဝကား အဖိုးတန်လှပေသည်။ အဖိုးတန်လှသောဘဝများကို ခံစား၊ စံစားနိုင်ရေးအတွက် မသိ နားမလည်သူ၊ အသိလွဲမှားသူတိုကို အကျင့်မှန်၊ အယူမှန်သော သမ္မာဒိဌိများဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သင့်သည်။
သီလနှင့်လည်းပြည့်စုံ၊ ဉာဏ်အမြင်နှင့်လည်းပြည့်စုံ၍ တရား၌ တည်ကာ အမှန်တရားကိုလည်း သိတတ်သော မိမိပြုဖွယ်အမှုကိစ္စ ကိုလည်း ပြုတတ်သူကိုလူအပေါင်းသည် ချစ်မြတ်နိုး၏ဟု ဓမ္မပဒ တွင်ဖော်ပြထားသည်။
မိမိရပ်ရွာတွင် အသင်းအပင်းများဖွဲ့ကာ ကောင်းသောအပြုအမူ များကို ပြုကြသည်မှာ အကျိုးကျေးဇူးများပြားလှသည်။ ထိုကောင်း မြတ်သောအကျင့်များကို ိိိအများသူငှာအနေဖြင့် အတုယူသင့် သည်။ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ရပ်သူရွာသားများ ချစ်ခင်ရင်းနှီး မှု၊ မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်မှုကို တိုးပွားစေသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရာ၌ အရပ်ဘက် လူ့အဖွဲ့အစည်းများတွင် လူငယ်များပါဝင်၍ လူမှုရေးလုပ်ငန်းများ ပါဝင်ကူညီဆောင်ရွက်နေသည်ကို နိုင်ငံနှင့်အဝန်း တွေမြင်နေရ သည်။ လူငယ်လူရွယ်များအနေဖြင့် လူမှုရေးအသင်းအဖွဲ့များတွင် ပိုမိုပူးပေါင်းပါဝင်ခြင်းဖြင့် အင်အားပိုမိုတောင့်တင်းကာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု လျက်ရှိသည်။
မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သည့် လူငယ်၊ လူရွယ် လူဦးရေအချိုးအစားများပြားသည်။ လူသားအရင်းအမြစ်များအား အားကောင်းမောင်းသန်အရွယ်များဖြစ်ကြရာ ပညာရေးနှင့်လူမှု ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင်လုပ်ကိုင်သော စိတ်ဓာတ်မွေးမြူကာ အများအကျိုးဆောင် ကိုယ့်အကျိုးအောင် ဆိုသည့်ဆိုရိုးအတိုင်း တိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင် ရွက်စေချင်ကြောင်း။ ။