ဇန်နဝါရီ ၃၀
ဘာစီလိုနာအသင်းသည် နည်းပြ ဇာဗီလက်အောက်တွင် ခြေစွမ်း ပြကစားနေသည့်ခံစစ် ကစားသမား မားကို့စ် အလွန် ဆိုကို ၂၀၂၄ ခုနှစ် အထိ တစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင် ခဲ့ကြောင်း သိရသည်။
မားကို့စ်အလွန်ဆိုသည် ဘာစီလိုနာအသင်းနှင့်ကနဦး စာချုပ် တွင် ခြောက်လသက်တမ်း လက်မှတ်ရေးထိုး ထားသော် လည်း ဘာစီလိုနာ အသင်း၏ ခံစစ်ပိုင်းလိုအပ်ချက်အား အကောင်းဆုံး ဖြည့်ဆည်းပေး နိုင်ခဲ့ကာ ပြိုင်ပွဲစုံ ၁၉ ပွဲတွင် သွင်းဂိုးနှစ်ဂိုးထိ သွင်းယူ၍ အမှတ်ပေး ပြိုင်ပွဲတွင် ရလဒ် ကောင်းများရရှိအောင်အဓိက နေရာမှ ပါဝင်ကူညီ နိုင်ခဲ့သော ကြောင့် ဘာစီလိုနာ အသင်း တာဝန်ရှိသူများကတစ်နှစ်သက် တမ်းတိုးစာချုပ် ထပ်မံချုပ်ဆို ခဲ့ခြင်း ဖြစ်သည်။
"အလွန်ဆိုဟာစရောက် ကတည်းကအသင်းနဲ့အသား ကျအောင် လိုက်ပါလုပ်ဆောင်နိုင် ခဲ့တာပါ။ သူဟာအမြဲတမ်းပျော် ပျော်နေတတ်သူတစ်ယောက် ဖြစ်သလို ပရော်ဖက်ရှင်နယ်ဆန် တဲ့ ကစားသမား တစ်ယောက် လည်း ဖြစ်ပါတယ်။
သူ့ရဲ့ စာချုပ်သစ်ကိုကျွန်တော့် အနေနဲ့ ကြိုဆိုပါ တယ်"ဟုဘာစီ လိုနာ အသင်းနည်းပြ ဇာဗီက ပြောသည်။
သူရိန်