နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘင်္ဂလားဒေ့ရှ် သမ္မတ ရွေးကောက်ပွဲ ဖေဖော်ဝါရီ တတိယပတ်တွင် ကျင်းပမည်

ဒါကာ ဇန်နဝါရီ  ၂၉

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ ကော်မရှင်နာချုပ် ကာဇီဟာ ဘီးဘိုလ် သည် နိုင်ငံ၏ သမ္မတရွေးကောက်ပွဲ ကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျင်းပ မည်ဖြစ်ကြောင်း တရားဝင်ကြေညာ လိုက်သည်။

ကိုယ်စားလှယ်လောင်းများသည် ဖေဖော်ဝါရီ ၁၂ ရက် နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရမည်ဖြစ်ပြီး အဆိုပြုလွှာများကို ယင်းနေ့ ဒေသ စံတော်ချိန် ညနေ ၄ နာရီအထိ ရွေးကောက်ပွဲ ကော်မရှင် ကော်မရှင် (CEC) ရုံးချုပ်တွင် တင်ပြနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။

နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ သမ္မတရာထူးအတွက် အများ ဆုံးသက်တမ်း နှစ်ကြိမ်အထိသာ ခွင့်ပြုထားသောကြောင့် လက်ရှိ သမ္မတ အဗ္ဗဒူလ်ဟာမစ်ကို နောက် ထပ် ရွေးကောက်တင်မြှောက်ခြင်း ပြုနိုင်မည် မဟုတ်ကြောင်း သိရသည်။

အဗ္ဗဒူလ်ဟာမစ် ၏ ဒုတိယအကြိမ် သမ္မတသက်တမ်းသည် လာမည့် ဧပြီ ၂၄ ရက်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

(ref: CNA)






အခြားဆက်စပ်သတင်းများ