နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်တွင် နှင်းမုန်တိုင်းများ တိုက်ခတ်၊ ပင်လယ်ပြင်တွင် လှိုင်းကြီး လေထန်

တိုကျို ဇန်နဝါရီ  ၂၉

ဂျပန်နိုင်ငံ မြောက်ပိုင်းတွင် ဆီးနှင်းများ သိပ်သည်းစွာ ဆက်လက် ကျဆင်းနေပြီး ပင်လယ်ပြင်တွင် လှိုင်းကြီး၊ လေထန်နေကာ အပူချိန် စံချိန်တင် ကျဆင်းနေခြင်းကြောင့် နိုင်ငံတစ်ဝန်း  သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် ရထားခရီးစဉ် အများစု ကို ဖျက်ထားရကြောင်း သိရသည်။

ဇန်နဝါရီ ၂၈ ရက်တွင် ရထားခရီးစဉ် ရာနှင့်ချီ ဖျက်လိုက်ရပြီး လေယာဉ် ခရီးစဉ်များလည်း ဖျက်ထားရကာ ဟိုကိုင်းဒိုးကျွန်းတွင် နှင်းမုန်တိုင်း သတိပေးချက်ကြောင့် အချို့လမ်းများ ကို ပိတ်ထားရပြီး ရှင်ရှီနိုဆုရွာတွင်မူ လမ်းသွားလမ်းလာ တစ်ဦးသေဆုံးသွား ကြောင်း သိရသည်။

သို့ရာတွင် ဂျပန်နိုင်ငံအလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် ဆီးနှင်း များကြောင့် လမ်းများပိတ်ပြီးနောက်  အာဏာပိုင်များဘက်က အချို့ အမြန် လမ်းပိုင်းများကို ပြန်ဖွင့်နိုင်ရန် ပြင်ဆင် နေကြောင်း သိရသည်။

လမ်းများပိတ်ခြင်းကြောင့် ရှေ့ ဆက်မသွားနိုင်သည့် ကားအချို့သည် တစ်ရက်ကျော်ခန့် လမ်းပေါ်တွင် ပိတ်မိ နေပြီး  ကားတန်းသည် ၂၁ မိုင်ခန့် အထိ ရှည်ကြောင်း၊ ကူညီကယ်ဆယ် ရေးများက ယာဉ်မောင်းများကို အစား အစာနှင့်ရေများ ဝေပေးခဲ့ရကြောင်း သိရသည်။                 

   (ref: Reuters)






အခြားဆက်စပ်သတင်းများ