နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်း ဆိပ်ကမ်းမြို့ကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် ယူနက်စကို အသိအမှတ်ပြု

ကီယက်ဗ်  ဇန်နဝါရီ  ၂၉

ယူကရိန်း၏ ပင်လယ်နက်ဆိပ် ကမ်းမြို့ အိုဒက်ဆာကို ယူနက်စကိုက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် အသိအမှတ်ပြုလိုက်ပြီဖြစ်သည်။

ယင်းသို့သတ်မှတ်ရန် ယူနက်စကို အဖွဲ့ဝင် ၂၁ နိုင်ငံ မဲခွဲရာတွင် ထောက်ခံ မဲ ခြောက်မဲ၊ ကန့်ကွက်မဲ တစ်မဲ၊ ကြားနေ ၁၄ မဲနှင့် အတည်ပြုလိုက် ခြင်းဖြစ်ပြီး ရုရှားက အကြိမ်ကြိမ် ကန့်ကွက်ခဲ့သည့်အတွက် ယခုတိုင် ကြန့်ကြာနေခြင်းဖြစ်ကြောင်း သိရ သည်။

အိုဒက်ဆာမြို့ကို ရုရှားဘုရင်မ ဒုတိယမြောက် ကက်သရင်းက ၁၈ ရာစု နှောင်းပိုင်းတွင် ထူထောင်ခဲ့သည်ဟု ရုရှားက  ပြောဆိုထားသော်လည်း ယူကရိန်း ယဉ်ကျေးမှုဝန်ကြီးနှင့် အိုဒက်ဆာမြို့တော်ဝန်တို့ကမူ ယင်း အချက်ကို  လက်မခံဘဲ ၁၅ ရာစု ကတည်းက ထွန်းကားခဲ့ခြင်း ဖြစ် ကြောင်း ပြန်လည်ချေပထားသည်။

အိုဒက်ဆာမြို့ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာတွင် ကမ္ဘာ့အမွေ အနှစ်စာရင်းသွင်းရန် သမ္မတ ဇာလန် စကီးက တောင်းဆိုထားခြင်းဖြစ်ပြီး ယူကရိန်းရှိ နေရာ ခြောက်ခုကို ကမ္ဘာ့ အမွေ အနှစ်စာရင်းသွင်းရန် တင်ပြ ထားကြောင်း သိရသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ