နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်စွမ်းအင် တိုးတက်ထုတ်လုပ်ရေး ကြိုးပမ်းဆောင်ရွက်

ကျွန်ုပ်တို့နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်မှ ရေစွမ်းအင်ကို အဓိက ထုတ်ယူအသုံးပြုကြသည်။ ရေမှရရှိသော ရေအားလျှပ်စစ် စွမ်းအင်သည် လူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည်။ နိုင်ငံ လူဦးရေနှင့် မြို့ပြလူ့အသုံးအဆောင်နှင့် စက်မှုလုပ်ငန်းများ တစ်နေ့ တခြား၊ တိုးပွားလာလျက်ရှိသည်။ တိုးပွားလာသည့်အနေအထား ကို ဖြည့်စွက်ရာ၌ လျှပ်စစ်ဓာတ်အားထုတ်ယူမှုများသည် အရေးပါ သော လုပ်ငန်းစဉ်ဖြစ်သည်။

"မိမိတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြစ်ကြောင်း၊ ယခင်အစိုးရအဆက်ဆက်ကတည်းက ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အချို့စီမံကိန်းများ ရပ်တန့်ခဲ့ရပြီး၊ အချို့စီမံကိန်းများ ဖျက်သိမ်းခံခဲ့ ရကြောင်း၊ မိမိတို့အနေဖြင့် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် လျှပ်စစ် ဓာတ်အား လုံလောက်စွာရရှိနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက် လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိမှသာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ အများသုံးသယ်ယူပို့ဆောင်ရေးစနစ် များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း" ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) ကို ဇန်နဝါရီ ၂၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား  ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထိုနေရာ၌ ပြန်လည်ပြည့်မြဲစွမ်းအင်သည် အရေးပါလှသည်။ လေစွမ်းအင်၊ နေစွမ်းအင်နှင့် ဇီဝစွန့်ပစ္စည်းလောင်စာတို့သည် သဘာဝအလျောက် ထုတ်ယူသုံးစွဲ၍မကုန်သည့် စွမ်းအင်များ ဖြစ်သည်။ ထိုစွမ်းအင်များကိုထုတ်ယူရန် အရင်းအနှီးနှင့် နည်းပညာ ကျွမ်းကျင်မှုတို့ လိုအပ်သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဇန်နဝါရီ ၂၆ ရက်က ပင်လောင်းမြို့နယ်ရှိ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၂၀ တီကျစ်ကျောက်မီးသွေး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် တည်ငြိမ်၍ အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသည် ဓာတ် အားပြတ်တောက်မှု မရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေးနှင့် လျှပ်စစ်အန္တရာယ်  ကင်းရှင်းရေးအတွက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ခြင်းကို   ရန်ကုန်မြို့တော်စည်ပင်သာယာရေး               ကော်မတီ၊ ပန်းဥယျာဉ်နှင့်  အားကစားကွင်းများဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

လျှပ်စစ်မီး သုံးစွဲသူပြည်သူများကလည်း သုံးစွဲထားသော လျှပ်စစ်မီတာခများကို ပေးဆောင်ခြင်းဖြင့် လျှပ်စစ်စွမ်းအင် တိုးမြှင့်ထုတ်လုပ်ရေးအတွက် အထောက်အကူပြုစေချင်ကြောင်း တိုက်တွန်းနှိုးဆော်ရပေသည်။






အခြားဆက်စပ်သတင်းများ