နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျေးလက်ဖွံ့ဖြိုးရေး၊ ကြိုးပမ်းအားထုတ်စေချင်

မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေးသည် အခြေခံအကျဆုံးဖြစ် သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများ၏ ပညာရည် ဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးသည်။ ယနေ့အခြေအနေတွင် အသက် ၂၅ ကျော် ပြည်သူအများစု၏ ပညာအရည်အချင်းမှာ အလယ်တန်းပညာ အောက်တွင်သာရှိနေသည်။ ပြည်သူများ ၏ ပညာရည်ဖွံ့ဖြိုးစေရေး၊ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိသည်။

စက်မှုစိုက်ပျိုးမွေးမြူရေးကျောင်းများကို ခရိုင်အလိုက်ဖွင့်နိုင် ရန် စီစဉ်လျက်ရှိသည်။ ကျေးလက်ဒေသများ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဖော်ဆောင်လျက်ရှိရာ လူနေမှု အဆင့်အတန်း မြင့်မားလာသည်နှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း စဉ်များကို အထောက်အကူပြုမည် ဖြစ်သည်။ ကျေးလက်‌ဒေသ ဖွံ့ဖြိုးရေးအစီအမံများ ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ကျေးရွာများ မီးလင်းရေး၊ ကျေးရွာတိုင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံ၍ ကုန်ထုတ် စွမ်းအင်တိုးတက်ကာ လူတစ်ဦးချင်း ဝင်ငွေတိုးတက်ရေး ရည်မှန်း ချက်များ ထားရှိဖော်ဆောင်လျက်ရှိသည်။

ကျေးလက်လူငယ်အရင်းအမြစ်များ ထူထောင်ကာ ပညာရေး ကျန်းမာရေး၊ လူမှုရေးအစရှိသည့်ဖြင့် ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေး အစီအမံများကို ဖော်ဆောင်လျက်ရှိသည်။ မြစိမ်းရောင်ကျေးရွာ စီမံကိန်းသည် မြန်မာနိုင်ငံတွင် ထင်ရှားသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းတစ်ခုဖြစ်သည်။ နိုင်ငံစီးပွား မြှင့်တင်ရေးလုပ်ငန်း တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းသည် အဓိကကျသဖြင့် စိုက်ပျိုးရေးနှင့်  မွေးမြူရေး ကို အခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေး ဆောင်ရွက်လျက်ရှိသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ခဲ့ရာ နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း ၁၄၆၆၁ ရွာတွင်                     နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ် ၃၅၆ ဒသမ ၇ ဘီလီယံနှင့် တိုးပွားလာ‌ ငွေကျပ် ၂၃၈ ဒသမ ၃ ဘီလီယံ၊ စုစုပေါင်းငွေကျပ် ၅၉၅ ဘီလီလံဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းများ လည်ပတ်ဆောင်ရွက်လျက် ရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို လျာထားချက်ထက် ကျော်လွန်ကာ ကျေးရွာပေါင်း ၆၃၅ ရွာအထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး ကိုအခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်လာစေ ရေးတွင် နိုင်ငံတွင် လူဦးရေအများဆုံးနေထိုင်ပြီး အလုပ်လုပ်သော၊ ကြိုးစားသော ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအရှိန်အဟုန် မြှင့်တင် ခြင်းဖြင့် လူတစ်ဦးချင်းဝင်ငွေ မြင့်မားစေရေး ကြိုးပမ်းအားထုတ် စေချင်ကြောင်း။       ။







အခြားဆက်စပ်သတင်းများ