နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးလိပ်နှင့်ကျန်းမာရေးသတိပြုလိုက်နာ

ဆေးလိပ်အန္တရာယ်သည် သောက်သုံးသူကိုသာမက အနီး ပတ်ဝန်းကျင်နေသူများကိုပါ အန္တရာယ်ပြုနိုင်သည်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးကလည်း ဆေးလိပ်မသောက်သူများသည် တစ်ဆင့် မီးခိုးရှုရှိုက်မိပြီး ရောဂါများဖြစ်ပွားလျက်ရှိကြောင်း သတိပေး ကြေညာချက်များထုတ်ပြန်ထားသည်။ 

ကျန်းမာရေးဝန်ကြီးဌာနသည် ဆေးလိပ်သောက်သုံးခွင့်မရှိသော နေရာများကိုထုတ်ပြန်ကြေညာထားသည်။ ဆေးလိပ်သောက်သုံးခွင့် မရှိသောနေရာများသည် ဆေးရုံအဆောက်အအုံနှင့် ပတ်ဝန်းကျင်၊ ဆေးကုသဂေဟာနှင့် ဆေးခန်းများ၊ ကလေးကစားကွင်းများ၊ အားကစားကွင်းနှင့် အားကစားရုံများ၊ တက္ကသိုလ်ကောလိပ် စာသင်ခန်းများ၊ စာသင်ကျောင်းနှင့်ပတ်ဝန်းကျင်နေရာများ၊ ရုပ်ရှင်ရုံ များ၊ ဇာတ်ရုံ၊ ဈေးဝယ်စင်တာများ၊ ဈေးရုံများ၊ အများပြည်သူသုံး စာကြည့်တိုက်များ၊ မော်တော်ယာဉ်နှင့်လေယာဉ်များ၊ လေအေးစက် တပ်ဆင်ထားသောခန်းမများပါဝင်သည်။ 

ဆေးလိပ်သောက်သုံးများအနေဖြင့် အများနှင့်သက်ဆိုင်သော နေရာများ၌ ဆေးလိပ်သောက်သုံးခြင်းကို သတိပြုရှောင်ကြဉ်ရန် လိုအပ်သည်။ အကောင်းဆုံးမှာ ဆေးလိပ်ကို မဖြစ်မနေသောက်တတ် သူများအနေဖြင့် မိမိဆန္ဒကြောင့် အခြားသူများအား အန္တရာယ်မဖြစ် စေရန် ကန့်သတ်တားမြစ်ထားသောနေရာများ၌ မသောက်မိဖို့ လိုအပ်သည်။ ဆေးလိပ်သောက်သုံးရန် သတ်မှတ်ကန့်သတ်ထား သောနေရာများတွင်သာ သုံးစွဲသင့်သည်။

နှစ်စဉ်ဆေးလိပ်မီးခိုးအန္တရာယ်ကြောင့် ရောဂါဖြစ်ပွားသူအများ အပြားရှိသည်။ အထူးသဖြင့် ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင် များသည် ဆေးလိပ်မီးခိုးအန္တရာယ်ကိုခံစားကြရသည်။ ဆေးလိပ် မီးခိုးအတွင်း လူကိုဘေးဖြစ်စေသည့် ဒြပ်ပစ္စည်းအမြောက်အမြား ပါဝင်လျက်ရှိသည်။ ဆေးလိပ်မီးခိုးရှုရှိုက်မိပါက ရေရှည်တွင် ရောဂါ တစ်ခုခုခံစားရနိုင်သည်။

သို့ဖြစ်ပါ၍ ဆေးလိပ်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေအရ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ဆေးလိပ်သောက်သုံးခွင့်မရှိသောနေရာများတွင် ဆေးလိပ် သောက်သုံးစွဲခြင်းအား လိုက်နာစောင့်ထိန်းသင့်ကြောင်း တိုက်တွန်း နှိုးဆော်ရပေသည် ။ 






အခြားဆက်စပ်သတင်းများ