နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထောက်လှမ်းရေး ဂြိုဟ်တုဂျပန်လွှတ်တင်

တိုကျို  ဇန်နဝါရီ   ၂၇

သဘာဝဘေးအန္တရာယ်ကို တုံ့ပြန် ရန်နှင့်မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာတိုးတက်မှုများကိုစောင့်ကြည့်လေ့လာရန်ထောက်လှမ်းရေးဂြိုဟ်တုတစ်ခုအားဇန်နဝါရီ ၂၆ ရက်တွင်ဂျပန် က လွှတ်တင်လိုက်ကြောင်း သိရသည်။

မစ်ဆူဘီရှီကုမ္ပဏီကဦးဆောင်ပြုလုပ်သည့် 46 H2A ဒုံးပျံအားလွှတ်တင် ရာ၌ ရာသီဥတုကြောင့် တစ်ရက်နောက် ကျသော်လည်း နောက်ရက်တွင် ကာဂို ရှီးမား ခရိုင်အနောက်တောင်ပိုင်း ရှိတာ နဲဂရှီမအာကာသစင်တာက လွှတ်တင် လိုက်နိုင်ကြောင်း သိရသည်။

လွှတ်တင်လိုက်သော ရေဒါဂြိုဟ် တုသည်စီစဉ်ထားသည့် ပတ်လမ်း အတွင်းဝင်ရောက်သွားပြီး ညဘက်တွင် မြေပြင်မှပုံရိပ်များကိုလည်း ဖမ်းထား နိုင်ကာ ရာသီဥတုဆိုးရွားနေလျှင်ပင်ပုံရိပ်ကို ဖမ်းယူနိုင်ကြောင်း သိရသည်။

တာဝန်ရှိသူများ၏ ပြောကြားချက် အရ အဆိုပါဂြိုဟ်တုသည်သဘာဝဘေး အန္တရာယ်ကျရောက်ပါက  ဒေတာ အချက်အလက်များကို   ပြန်ပို့ရန် အတွက်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။                (ref:Kyodo News)






အခြားဆက်စပ်သတင်းများ