နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထရမ့် ဖေ့စ်ဘွတ်ခ်နှင့်အင်စတာဂရမ် အကောင့်များပြန်လည်အသုံးပြုခွင့်ပေးမည်

ဝါရှင်တန်  ဇန်နဝါရီ   ၂၇

ဖေ့ဘွတ်ခ်၏မိခင်ကုမ္ပဏီဖြစ်သည့် Meta က ကန်သမ္မတဟောင်းဒေါ်နယ် ထရမ့်၏ဖေ့စ်ဘွတ်ခ်နှင့်အင်စတာဂရမ် အကောင့်များကို လာမည့်ရက်သတ္တပတ် အတွင်း ပြန်လည်အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်တွင် ကြေညာသည်။

ထရမ့်သည်ပြီးခဲ့သည့် နိုဝင်ဘာလ တွင် ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲအတွက် သမ္မတလောင်းအဖြစ် နောက်တစ်ကြိမ် ယှဉ်ပြိုင်သွားမည်ဟု ကြေညာခဲ့ပြီး လူထု ထောက်ခံမှုရရှိရန်အတွက်   မဲဆွယ် စည်းရုံးရန် ပြင်ဆင်လျက်ရှိသည်။

ထို့ကြောင့် ထရမ့်၏ အကြံပေးက Meta ကုမ္ပဏီအားယင်းကဲ့သို့အကောင့် များပိတ်ပင်ထားခြင်းသည် မဲဆွယ်ရာ တွင် အဟန့်အတားဖြစ်စေသည်ဟုဆို ကာ ပြန်လည်အသုံးပြုခွင့်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

Meta အနေဖြင့် ထရမ့်အားအကောင့် များ ပြန်လည်အသုံးပြုခွင့်ပေးမည်ဆို သော်လည်းသတ်မှတ်ထားသော ကုမ္ပဏီ  ပေါ်လစီများကို ထပ်မံချိုးဖောက်ပါက တစ်လမှ နှစ်နှစ်အထိအကောင့်များကို ပြန်လည်ဆိုင်းငံ့သွားမည်ဟု သတိပေး ထားသည်။

(ref:CNA)






အခြားဆက်စပ်သတင်းများ