နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လန်ဒန်မြို့အရွယ်ခန့် ရေခဲတောင်တစ်ခု အန္တာတိကတွင် ပြိုကျ

လန်ဒန်   ဇန်နဝါရီ   ၂၇

လန်ဒန်မြို့အရွယ်အစားခန့်ရှိသောရေခဲတောင်တစ်ခုသည် အန္တာတိက ဒေသဘရန့်ရေခဲတောင်တန်းမှ ပြိုကျပြီး မျောလာကြောင်း ဗြိတိသျှအန္တာတိက သုတေသနအဖွဲ့က ဇန်နဝါရီ ၂၆ ရက် တွင် သတင်းထုတ်ပြန်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များကတည်း က ဘရန့်ရေခဲတောင်တန်းတွင် အက် ရာများ စတင်တွေ့ရှိခဲ့သော်လည်းအမှတ် မထင်ပင်နေခဲ့ကာပြီးခဲ့သည့် နှစ်နှစ် အတွင်း ကြီးမားသောအက်ကွဲမှု နှစ်ခု ထပ်မံပေါ်ပေါက်လာပြီးနောက် ယခု ကဲ့သို့ပြိုကျခြင်းဖြစ်ကြောင်း၊ ပြိုကျ သော ရေခဲတောင်အပိုင်းသည် စတုရန်း မိုင် ၆၀၀(၁၅၅၀ စတုရန်းကီလိုမီတာ ခန့်)ဧရိယာရှိကြောင်း သိရသည်။

ယင်းဖြစ်ရပ်သည် ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် မဟုတ်ဘဲဖြစ် လာမည်ကို ကြိုတင်မျှော်လင့်ထားပြီး ဖြစ်ကြောင်း သုတေသီများက ဆိုသော် လည်း အဆိုပါ ရေခဲတောင်ပြိုကျမှု ကြောင့် အအေးပိုလာကာရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရကြောင်း သိရသည်။

(ref:Reuters)






အခြားဆက်စပ်သတင်းများ