နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီရိလင်္ကာ ကြွေးမြီများ ဆိုင်းငံ့ပေးမည်ဟု တရုတ်ပြော

ကိုလံဘို  ဇန်နဝါရီ   ၂၇

တရုတ်ပို့ကုန် - သွင်းကုန်ဘဏ်သည် သီရိလင်္ကာ၏ကြွေးမြီအား နှစ်နှစ်ဆိုင်းငံ့ ပေးမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ထံမှ ချေးငွေဒေါ်လာ ၂ ဒသမ ၉ ဘီလျံရရှိရန်    ကြိုးပမ်း အားထုတ်မှုများကိုလည်း ပံ့ပိုးပေးမည် ဟု သိရသည်။

ဒေသတွင်း ပြိုင်ဘက်များဖြစ်သောတရုတ်နှင့်အိန္ဒိယတို့သည် ဆယ်စုနှစ် နှစ်ခုအတွင်း အဆိုးရွားဆုံးစီးပွားရေး အကျပ်အတည်းနှင့်ရင်ဆိုင်နေရသောလူဦးရေ ၂၂ သန်းရှိသည့် သီရိလင်္ကာကိုငွေအများဆုံးချေးသူများဖြစ်သည်။

ယခုအခါ တရုတ်နိုင်ငံဘက်က သီရိ လင်္ကာမှ ရရန်ရှိသည့်ကြွေးမြီများကို နှစ်နှစ်ကြာ ဆိုင်းငံ့ထားပေးမည်ဖြစ်ပြီး သီရိလင်္ကာနိုင်ငံသည် ၂၀၂၂ ခုနှစ် အကုန် တွင် တရုတ်ချေးငွေဒေါ်လာ ၇ ဒသမ ၄ ဘီလျံ သို့မဟုတ် နိုင်ငံ့ပြည်ပကြွေးမြီ၏ ငါးပုံ တစ်ပုံနီးပါးအကြွေးတင်နေခြင်း ဖြစ်သည်။

အမေရိကန်ကဲ့သို့သော အနောက် နိုင်ငံများနှင့်နိုင်ငံစုံက ငွေချေးသူများ သည်     စီးပွားရေးအကျပ်အတည်း ဖြစ်နေသော နိုင်ငံများအတွက်ကြွေးမြီ သက်သာရာရရန် တရုတ်ကို ဖိအားပေး လျက်ရှိသည်။

(ref:Nikkei Asia)






အခြားဆက်စပ်သတင်းများ