နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန့်ရှင်းသာယာ၊ စိမ်းလန်းကြည်လင် မြို့တော်ရန်ကုန်

ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေခြင်းဖြင့် စိတ်ရော၊ ကိုယ်ပါ ကြည်လင်လန်းဆန်းကာ နေကောင်းထိုင်သာရှိသည်သာမက ကျန်းမာရေးကိုပါ အထောက်အကူပြုစေသည့် အသိကို လူတိုင်း ဂရုပြုကြရမှာ အမှန်ပင်ဖြစ်သည်။ စိတ်ကြည်လင်လန်းဆန်းစွာ နေထိုင်ရသော ပတ်ဝန်းကျင်ကိုရရှိရန် မိမိတို့သည် အမှိုက်ကို စနစ်တကျ စွန့်ပစ်သည့်အလေ့အကျင့်ကို ရှင်သန်ဖွံ့ဖြိုးအောင် ကြိုးပမ်းကြရမည် ဖြစ်သည်။

မိမိပတ်ဝန်းကျင်တွင် အမှိုက်သရိုက် ကင်းစင်သန့်ရှင်းမှုရှိခြင်း နှင့် အမှိုက်သရိုက်များဖြင့် ပြည့်နှက်ရှုပ်ထွေးနေခြင်းဟူသည့် အနေအထား နှစ်မျိုး၏ ခံစားမှုချင်း ကွဲပြားခြားနားသည်ကို လူတိုင်း သိရှိကြမည်ဖြစ်သည်။

မီးဖိုဆောင်ထွက်အမှိုက်များကို သတ်မှတ်နေရာများတွင် စနစ်တကျ စွန့်ပစ်ရန်နှင့် လမ်းသွားလမ်းလာများ၊ ခရီးသည်များ သည် အမှိုက်များကို အလွယ်တကူမစွန့်ဘဲ အမှိုက်ပုံးများထဲသို့ စနစ်တကျ စွန့်ပစ်ရပေမည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အမှိုက်ပုံးများ တိုးချဲ့ချထားပေးလျက်ရှိသည်။ မိမိဆန္ဒကြောင့် အခြားသူများအား မထိခိုက်စေရန်လိုအပ်သည်။ စွန့်ပစ်အမှိုက်များ ကို သိမ်းဆည်းခြင်းနှင့် သိမ်းဆည်းအမှိုက်များကိုလည်း နောက်ဆုံး စွန့်ပစ်အမှိုက်ပုံသို့ သယ်ယူစွန့်ပစ်ခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ရာ သစ်ရွက် ခြောက်ကြွေများ လမ်းတစ်လျှောက် အချိန်နှင့် တစ်ပြေးညီ သိမ်းဆည်းခြင်း၊ အမြင်မတင့်တယ်သည့် သစ်ပင်၊ သစ်ကိုင်းများ၊ ခုတ်ထွင်ရှင်းလင်းခြင်း၊ စိမ်းလန်းကြည်လင်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်မြို့တော်ကြီး၏ ဥပဓိရုပ်ခံ့တည်၊ သန့်ရှင်း၊ သပ်ရပ် စိမ်းလန်းလာသည်မှာ ယခင်နှင့်မတူ တင့်တယ်လာသည်။ သက်ဆိုင်ရာ ဌာနများအနေဖြင့် ဝန်နှင့်အား ကြိုးစားလုပ်ဆောင်နေ သော်လည်း ယခုထက်ပိုမိုတင့်တယ်ခံ့ညားလာစေရန် မြို့တော်နေ ပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်စေချင်ကြောင်း တိုက်တွန်းရပေသည်။     ။






အခြားဆက်စပ်သတင်းများ