နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယတွင် အဆောက်အအုံပြိုကျ၊ လူသေဆုံးပြီး ဒါဇင်ချီ ပိတ်မိနေ

နယူးဒေလီ၊ ဇန်နဝါရီ  ၂၆

အိန္ဒိယနိုင်ငံတွင် လေးထပ်အဆောက် အအုံ တစ်လုံး ပြိုကျမှုကြောင့် လူသုံးဦး ထက်မနည်း သေဆုံးကာ လူဒါဇင်ချီ၍ ပိတ်မိနေကြောင်း  တာဝန်ရှိသူများက ဇန်နဝါရီ ၂၅ ရက်တွင် ပြောသည်။

အူတာပရာဒက်ချ်  ပြည်နယ်မြောက် ပိုင်း လက်ခ်နောမြို့တွင် ဖြစ်ပွားသော အဆောက်အအုံပြိုကျမှုတွင် လူသုံးဦး သေဆုံးသည်မှာ    မှန်ကန်ကြောင်း ပြည်နယ် ဒုတိယဝန်ကြီးချုပ် ဘရာဂျက် ပါရ်က အတည်ပြုသည်။

အဆောက်အအုံ ပြိုကျရခြင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက   ဖြစ်ပွားသော ငလျင်ဒဏ်ကြောင့်   ဖြစ်ပုံရကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒီဗင်ဒရာဆင်းချောင်းဟန်က ဆိုသည်။ 

အဆောက်အအုံအတွင်း လူ ၃၀ မှ ၅၀ ကြား ပိတ်မိနေပြီး လက်ရှိတွင် ပိတ်မိနေ သူများထဲမှ ၁၂ ဦးအား ကယ်ထုတ်ထား ပြီးဖြစ်ကြောင်း  ဒီဗင်ဒရာက ပြောသည်။

(ref: CNA)






အခြားဆက်စပ်သတင်းများ