နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာသီဥတုဖောက်ပြန်မှုနှင့် ပြောင်းလဲမှု

ကမ္ဘာကြီးသည် လွန်ခဲ့သော ရာစုနှစ်များကထက်ပို၍ ပူနွေးလာ သည်။ ဤသည်ကိုအကြောင်းပြု၍ ဒေသအသီးသီး၏ ရာသီဥတု ဖြစ်စဉ် ပြောင်းလဲလာသည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြီး သည် ကမ္ဘာတစ်ခွင် ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေသည်ကို အချိန်နှင့် တစ်ပြေးညီ တွေ့မြင်နေရသည်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ကို မုန်တိုင်းပေါင်း များစွာ၊ သီတင်းပတ်ပေါင်းများစွာ ဇန်နဝါရီလအတွင်း တိုက်ခတ်ခဲ့ သည်။ ဂျပန်နိုင်ငံတစ်ဝန်း ဆယ်စုနှစ်အတွင်း အအေးဆုံးလေစိုင်ဆုံ များ တိုက်ခတ်လျက်ရှိရာ ဂျပန်နိုင်ငံ ဒေသအများအပြားတွင် ဇန်နဝါရီ ၂၅ ရက်က ဆီးနှင်းများ ထူထပ်စွာကျဆင်းပြီး လေပြင်း များ တိုက်ခတ်မှုများ ဆက်လက်ရှိသောကြောင့် အဓိက ရထားလိုင်း များ၊ ရာနှင့်ချီသော လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည်။ တရုတ်ပြည်တွင်လည်း အရှေ့ဘက်မှ လေအေးလေဆိုင်ဆုံများ လာမည့် ရက်သတ္တပတ်အတွင်း ဝင်ရောက်လာနိုင်ကြောင်း တာဝန် ရှိသူများက သတိပေးချက်များ ထုတ်ပြန်ထားသည်ကို နိုင်ငံတကာ သတင်းများတွင် တွေ့မြင်ရသည်။

ရာသီဥတုပြောင်းလဲလာမှုများတွင် ကမ္ဘာတစ်ဝန်း သစ်တော များ ပြုန်းတီးလာသည့်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများ များပြားလာခြင်းစသည့် အကြောင်းရင်းများကြောင့် ဖြစ်သည်။

ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့သည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း နှစ်စဉ်ပျမ်းမျှ ၂ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရချင်းဖွဲ့စည်းထားသော အဖွဲ့အစည်းက ထုတ်ပြန်သတိပေးထားသည်။

လက်ရှိအခြေအနေတွင် ကမ္ဘာတစ်ဝန်း ဖန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့များ ထုတ်လွှတ်မှုသည် လျှင်မြန်စွာမြင့်တက်နေကြောင်း ကမ္ဘာတစ်ဝန်းက အစီအမံများ ပြုလုပ်ထိန်းချုပ်သွားရန် လိုကြောင်း ကုလသမဂ္ဂက အသိပေးချက်တစ်ရပ် ထုတ်ပြန်ထားသည်။ ကမ္ဘာ့အသိုင်းအဝိုင်းက  ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ ထုတ်လွှတ်မှု လျှော့ချသွားရန် လျင်လျင်မြန်မြန် ဆောင်ရွက်သွား ရန် လိုအပ်သည်။

ကမ္ဘာနှင့် အဝန်း ရာသီဥတုဖောက်ပြန်မှုများကြောင့် စားရေ ရိက္ခာများ ဆုံးရှုံးမှုများ ကြုံတွေ့လာနိုင်သည်ကို သတိပြုစေချင် ကြောင်း။     ။






အခြားဆက်စပ်သတင်းများ