နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သတိပြုစရာ၊ ငှက်ဖျားရောဂါ

ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပေသည်။ ငှက်ဖျားရောဂါဖြစ်ပွားသေဆုံးမှု၏ ၉၀ ရာခိုင်နှုန်းသည် အာဖရိက နိုင်ငံများတွင်ဖြစ်ပွားလျက်ရှိပြီး ဒုတိယအများဆုံးဖြစ်ပွားသေဆုံး မှုများမှာ အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံသည် အင်ဒိုနီးရှား၊ အိန္ဒိယနိုင်ငံတို့နည်းတူဖြစ်ပွား သေဆုံးနှုန်းအများဆုံးတွင် ပါဝင်သည်။

မြန်မာနိုင်ငံလူဦးရေတစ်ဝက်ကျော်သည် ကူးစက်မှုအန္တရာယ်ရှိ ဒေသများတွင်နေထိုင်ကြပြီး တစ်နိုင်ငံလုံးတွင် ငှက်ဖျားဖြစ်ပွားသူ သုံးသိန်းနီးပါးရှိသည်ဟု သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၀၁ မှ ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ လူဦးရေ ၄ ဒသမ ၃ သန်းကို ငှက်ဖျားရောဂါဖြစ်ပွားခြင်းမှ ကာကွယ်တားဆီးခြင်း၊ ရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသမှုရှိခြင်းတို့မှတစ်ဆင့်အသက် ရှင်ခွင့်ရရှိကြောင်း၊ ယင်းတို့ထဲမှ ၉၂ ရာခိုင်နှုန်းမှာ အသက် ငါးနှစ် အောက်ကလေးများဖြစ်ကြောင်း ယူနီဆက်ဖ်မြန်မာကထုတ်ပြန်ခဲ့ သည်။ 

မြန်မာနိုင်ငံ အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ထောင်စုရည်မှန်းချက်ဖြစ်သော ငှက်ဖျားရောဂါ ဖြစ်ပွားသေဆုံးမှုနှုန်းထက်ဝက်လျှော့ချရေးရည်မှန်းချက်ကို ပြည့်မီ အောင်ဆောင်ရွက်နိုင်ခဲ့သည်။ ငှက်ဖျားရောဂါဖြစ်ပွား/သေဆုံးမှု သည် ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း သိသာစွာလျော့နည်း ကျဆင်းခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုကြောင့်   ငှက်ဖျားရောဂါကင်းဝေးရေးလုပ်ငန်းစဉ်များအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း၊ သွားလာရခက်ခဲသော နယ်စပ်ဒေသ များတွင် ရောဂါဖြစ်ပွားမှုပိုမိုများပြားလာခြင်း၊ ငှက်ဖျားရောဂါ ကင်းဝေးရေးအတွက် ပိုမိုအားစိုက်ဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဖယ်စီပါရပ်ငှက်ဖျားရောဂါ ကင်းဝေးရေးနှင့်  ၂၀၃၀ ပြည့်နှစ်တွင်  ငှက်ဖျားရောဂါအလုံးစုံ ကင်းဝေးရေးအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ ရန်ပုံငွေဆက်လက် ထောက်ပံ့ရေးဆောင်ရွက်လျက်ရှိသည်။ ကျန်းမာရေးဝန်ကြီးဌာန သည် နှီးနွှယ်ဌာနဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုကြောင့် အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်သည်။

ငှက်ဖျားရောဂါအဖြစ်များဆုံးဒေသများတွင် တာရှည်ခံဆေးစိမ် ခြင်ထောင်များအခဲ့ဖြန့်ဝေခြင်း၊ အခမဲ့ရောဂါရှာဖွေဆေးကုသခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနသည် ခြင်ကြောင့်ဖြစ်ပွားသောရောဂါ ဖြစ်ပွားမှုကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိသည်။ သို့ဖြစ်ရာ ရောဂါဖြစ်ပွားနှုန်းနည်းစေရန် ကာကွယ်ရေးနှင့် ကုသရေးအစီအမံများကိုလိုက်နာရန်  တိုက်တွန်းနှိုးဆော်ရပေ သည် ။






အခြားဆက်စပ်သတင်းများ