ရန်ကုန် ဇွန် ၁၇
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ဂျပန်ယန်းငွေ ၃၆၀ဝ၀ဝ ကျော်(မြန်မာကျပ်ငွေ ၄၈ သိန်းခန့်)ကို မြန်မာသံအမတ်ကြီးမှ တစ်ဆင့် ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါအလှူငွေများသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းခြင်းဖြစ်ပြီး မြန်မာသံအမတ်ကြီးက ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ယခုကဲ့သို့ မြန်မာနိုင်ငံသားများက ပေးအပ်လှူဒါန်းသည့် အလှူငွေများကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးရန်ပုံငွေသို့ ဆက်လက် ပေးပို့လှူဒါန်းသွားမည်ဟု မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁၉ ရက်တွင် အသက်(၇၅)နှစ် ပြည့်မြောက်မည် ဖြစ်သည်။
ကျော်စိုးသူ(City News)