နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဇွန် ၁၆


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ရာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ဇွန် ၁၅ ရက်၊ နံနက် ၅ နာရီ အချိန်တွင် အလယ်ကျေးရွာ၊ မြေတိုင်း(၂၂)၊ ဦးဖိုးလှိုင်လမ်းမပေါ်၌ အောင်နိုင်ဦးထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် (၁၃)ရပ်ကွက်၊ ပဲခူးလမ်းမပေါ်၌ အောင်ကိုကိုထံမှ အရိုးအသွား (၁၃)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊


မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၇ နာရီခွဲအချိန်တွင် (စ)ရပ်ကွက်၊ သုနန္ဒာလမ်းမကြီးနှင့် သုဓမ္မာလမ်းထောင့်၌ ရဲကျော်ဆင့်ထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်း၊ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် ညောင်ရမ်းလမ်းမပေါ်၌ ဝင်းဇော်ဦးထံမှ အရိုးအသွား (၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၈ နာရီ ၁၀ မိနစ်အချိန်တွင် (ည)ရပ်ကွက်၊ သုနန္ဒာလမ်းမပေါ်၌ ဝင်းကိုကိုထံမှ အရိုးအသွား(၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊


ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ဇွန် ၁၅ ရက်၊  ညနေ ၆ နာရီအချိန်တွင် (၇၈)ရပ်ကွက်၊ သစ္စာလမ်းမပေါ်၌ တေဇာစိုးထံမှ အရိုးအသွား(၁၄)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီ ၅ မိနစ်အချိန်တွင် (၁၀၄)ရပ်ကွက်၊ ရာကျော်လမ်းမပေါ်၌ မင်းထူးငယ်ထံမှ အရိုးအသွား(၈)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊


အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၂၀၅၀ အချိန်တွင် ဈေးကုန်းအရှေ့ရပ်ကွက်၊ မင်းကြီး လမ်းနှင့် အင်းစိန်ဂုံးတံတားအောက်၌ အောင်ဟိန်းထွဋ်ထံမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်းကိုလည်းကောင်း၊ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် ခြောက်လမ်းသွားလမ်းဆုံ၌ ထက်ထက်နိုင်ထံမှ အရိုးအသွား(၁၉)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊


သုံးခွမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် နေလင်းအောင်ထံမှ အရိုးအသွား (၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီး တွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ