နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ်အတွင်းပြေးဆွဲလျက်ရှိသည့် YBS ယာဉ်လိုင်းများပေါ် တွင် ခါးပိုက်နှိုက်မှုကျူးလွန်သူတစ်ဦးဖမ်းမိ

ရန်ကုန် ဇွန် ၁၆ 


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှတပ်ဖွဲ့ဝင်များသည် ဇွန် ၁၄ ရက်၊ မွန်းတည့်  ၁၂ နာရီခွဲအချိန်တွင် ရန်ကုန်မြို့အတွင်း ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်လိုင်းများနှင့် YBS ကားမှတ်တိုင်များတွင် ခါးပိုက်နှိုက်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ တာမွေမြို့နယ်၊ တာမွေကြီး (ခ)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ တာမွေပလာဇာကားမှတ်တိုင်၌ YBS-65 ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်ကျော်ဇောသတင်းရှိသူ ဇော်ဇော်(ခ)ရှဗစ်အား တွေ့ရှိစစ်ဆေးရာ ၎င်းလွယ်ထား သော ကျောပိုးအိတ်အတွင်းမှ ငွေ(၃၅၅၀၀)ကျပ်မှာ အဆိုပါယာဉ်ပေါ်ပါ အသက်(၃၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ ကျောပိုးအိတ်အတွင်းမှ နှိုက်ယူခဲ့ခြင်းဖြစ် ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဖမ်းဆီးခဲ့ပါသည်။


ဖမ်းဆီးရမိသူ ဇော်ဇော်(ခ)ရှဗစ် အား အခြားပြစ်မှုများကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ် တိုက်ဆိုင် စစ်ဆေးခဲ့ရာ ၎င်းသည် ဇန်နဝါရီလနှင့် ဇွန်လတို့တွင် တာမွေမြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်လိုင်းများပေါ်တွင် လိုက်ပါစီးနင်း၍ ခရီးသွားပြည်သူများထံမှ လက်ကိုင်ဖုန်းအမျိုးမျိုး(၆)လုံးကို နှိုက်ယူခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ပါသည်။


 စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်း လက်ကိုင်ဖုန်း(၆)လုံးကို ပြန်လည် သိမ်းဆည်း ရရှိပြီးဖြစ်၍ ခါးပိုက်နှိုက်မှုကျူးလွန်သူ ဇော်ဇော်(ခ)ရှဗစ် ကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ