နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစားအစာများ ဘေးအန္တရာယ် ကင်းရှင်းရေး ကြိုးပမ်းဆောင်ရွက်

လူမှုဘဝနယ်ပယ်၌ အရာရာတွင် ဓာတုပစ္စည်းနှင့်မကင်းပါ။ အစားအသောက်၊ အဝတ်အထည်၊ သုံးစွဲစရာပစ္စည်းများမှအစ၊ ဓာတုဗေဒဓာတ်သဘောနှင့်မလွတ်ကင်း‌ချေ။ လူမှုပတ်ဝန်းကျင်တွင် ဓာတုဗေဒဓာတ်သဘောနှင့်မကင်းသည့်အတွက် သတိပြုဆင်ခြင် သုံးစွဲသင့်သည်။ လူအများက လွယ်ကူစွာအဆင်ခြင်မဲ့စားသောက်စရာအပူများကို ပလတ်စတစ်ဖြင့်ထည့်သွင်းယူဆောင်၍ စားသောက်တတ်ကြ သည်။ ပလတ်စတစ်သည် ဓာတုပစ္စည်းဖြစ်သည်။ အပူကြောင့် ဓာတ်ပြောင်းလဲလာသည်ကို နားမလည်ကြအထူးသတိပြုသင့်သည်။ ယနေ့စားသောက်နေသော အစားအသောက်များတွင် ဆိုးဆေး နှင့်အက်ဆစ်မည်မျှပါဝင်သည်ကို သတိပြုကြဖို့လိုပါမည်။ အစား အသောက်တွင် အနံ့၊ အရသာ၊ အရောင်အဆင်း၊ ထုပ်ပိုးမှုလွန်စွာ ကောင်းမွန်သောလည်း ဘေးအန္တရာယ်ရှိ/မရှိ သတိထားဆင်ခြင်ရန် လိုအပ်သည်။ အင်ဒိုနီးရှားနိုင်ငံ ကလေး ၂၀ ကျော်သည် နာမည်ကြီးရေပန်းစား နေသော နိုက်ထရိုဂျင်အရည်အုပ်လောင်းထားသည့် သက်တံ့ရောင် သကြားလုံးများကို စားသုံးပြီးနောက် အစာအိမ်ရောင်ခြင်း၊ အစာ အဆိပ်သင့်ခြင်း ရောဂါလက္ခဏာများခံစားခဲ့ရကြောင်း၊ နိုက်ထရိုဂျင် အရည်များကို အသင့်စား အစားအစာများတွင်အသုံးမပြုရန် အသိ ပေးထားကြောင်း၊ နိုက်ထရိုဂျင်အရည်သည် အငွေ့များတလူလူပျံ အောင်ပြုလုပ်ပေးသည့် ပစ္စည်းတစ်မျိုးဖြစ်ပြီး လူများစားသုံးသည့် အခါ ရေခဲငွေ့၊ ဆေးလိပ်ငွေ့များကဲ့သို့ အငွေ့များထွက်ပေါ်လာကြောင်း အသိပေးထားသည့်သတင်းကို ဇန်နဝါရီ ၁၈ ရက်က ဖော်ပြထား သည်။ ပြည်သူလူထုနေ့စဉ်စားသောက်မှုအဆင်ပြေစေရန်နှင့် သက်သာ သောဈေးနှုန်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး သည် အရေးကြီးပေသည်။ စားသုံးသူရေးရာဦးစီးဌာနနှင့် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် စားသုံးသူများ၏ လိုအပ်ချက်နှင့်အခွင့်အရေးများ အပြည့်အဝရရှိစေရန် စားသုံးသူ များ၏အခွင့်အရေးနှင့် တာဝန်များကိုရေးဆွဲထားသည်။ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းနိုင်ရေးအတွက် စတင် စိုက်ပျိုး၊ ထုတ်လုပ်၊ ဖြန့်ချိရောင်းချမှုတွင် ဆိုးဆေးနှင့်ကြာရှည်ခံ ပစ္စည်းများသုံးစွဲမှုကို စနစ်တကျကြပ်မတ်စစ်ဆေးရန်လိုအပ်ရာ စားသုံးသူအခြေခံလူတန်းစားများ၊ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်နှင့် အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် လုပ်ဆောင်ကြရန် လိုအပ်ပေသည်။ သို့ဖြစ်ရာ ပြည်သူများကျန်းမာသုခပြည့်ဝရေးအတွက် အစား အသောက်များသည် အဓိကကျလျက်ရှိရာ ထုတ်လုပ်သူရော စားသုံး သူတို့ပါ အထူးသတိပြုဆင်ခြင်စေချင်ပါကြောင်း ။ ။






အခြားဆက်စပ်သတင်းများ