နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစာအိမ် အက်ဆစ်ဓာတ်လျော့ပါးစေသော ဆေးများကြောင့် ကျောက်ကပ်ပျက်စီးနိုင်

ဇွန်  ၁၆


အစာအိမ် အက်ဆစ်ဓာတ်လျော့ပါးစေသောဆေးများကို အချိန်ကြာမြင့်စွာ သောက်သုံးခြင်းကြောင့် ကျောက်ကပ်ပျက်စီးခြင်းအပါအဝင် ပြင်းထန်သော ကျောက်ကပ်ပြဿနာများ ဖြစ်ပွားနိုင်ကြောင်း အမေရိကန် သုတေသီများက သတိပေးထားသည်။


ရင်ပူရင်ဆာဖြစ်ခြင်းအတွက် အသုံးပြုရသောဆေးများကို အချိန်ကြာမြင့်စွာသုံးစွဲခြင်းကြောင့် ပြင်းထန်သော ကျောက်ကပ်ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ အစာမကြေဖြစ်ခြင်းကြောင့် အစာပြွန်ထဲသို့ အစာအိမ်မှ အက်ဆစ်ဓာတ်များ ပြန်ထွက်လာသည့်အခါ ရင်ဘတ်ပိုင်းပူလောင်ခြင်းအခြေအနေကို ရင်ပူရင်ဆာဖြစ်သည်ဟု ခေါ်သည်။


ယင်းဆေးဝါးများအသုံးပြုခြင်းကြောင့် ရုတ်တရက် ကျောက်ကပ်ပြဿနာများဖြစ်ပေါ်လာသဖြင့် ဆရာဝန် များက ယင်းဆေးဝါးများတိုက်ကျွေးမှု ရပ်ဆိုင်းရခြင်းများရှိကြောင်း စိန့်လူးဝစ်မြို့ရှိ ဝါရှင်တန်တက္ကသိုလ်မှ သုတေသီများကပြောသည်။


ကျောက်ကပ်ပြဿနာများသည် တိတ်တဆိတ်ဖြစ်ပေါ်လာကာ အချိန်ကြာလာသည်နှင့်အမျှ ပိုဆိုးလာပြီး ကျောက်ကပ်လုပ်ဆောင်ချက်ပျက်ကာ ရေရှည်ကျောက်ကပ်ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ယင်းဆေးဝါးများကို လိုအပ်မှသာသုံးစွဲသင့်ကြောင်း သုတေသီများကပြောသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ