နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)၏ ဗန်ကောက်-ရန်ကုန် Relief Flight အား ဇွန် ၁၉ ရက်တွင်ပြေးဆွဲမည်

ရန်ကုန် ဇွန် ၁၆


မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)နှင့် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ မြန်မာသံရုံးတို့ ပူးပေါင်း စီစဉ်ဆောင်ရွက်မှုဖြင့် ယခုကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ကာလအတွင်း ဗန်ကောက်-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)ကို ဇွန် ၁၉ ရက်တွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် ရောက်ရှိနေကြသည့် နေရပ် သို့ပြန်လိုကြသော မြန်မာနိုင်ငံသားများအတွက် အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ဗန်ကောက်-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)အား ပျံသန်းပြေးဆွဲရန် စီစဉ်ရခြင်းဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


အဆိုပါ ဗန်ကောက်-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)သည် ဇွန် ၁၉ ရက်၊ ညနေ ၅ နာရီ ၅၅ မိနစ်တွင်ထိုင်းနိုင်ငံ၊ ဗန်ကောက်မှစတင်ထွက်ခွာမည်ဖြစ်ပြီးရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ ၆ နာရီ ၅၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။


ယင်း Relief Flight ခရီးစဉ်တွင် သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုသူများကိုသာ ကန့်သတ်ထားသော ခရီးသည်အရေအတွက်အတိုင်း လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ် ကြောင်း၊ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်းနံပါတ် +66 981019505နှင့် +66 857233221 တို့ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။


ထို့အပြင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)မှ ထပ်မံပြေးဆွဲပေးမည့် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်များအတွက်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ အတည်ပြုချက်များရရှိပါက ထပ်မံအသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။


    

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ